Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ/နေအိမ်များ ပြိုကျကာ လူ ၃ ဦး သေဆုံး

ဖားကန့် မြို့ နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ အမိုးလန် ပျက်စီးမှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar )

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်/အဆောက်အဦများ ပြိုကျမှု ဖြစ်ပွားခဲ့ရာမှ လူ ၃ ဦး သေဆုံးသွားပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ညပိုင်းတွင် ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်/အဆောက်အဦများ ပြိုကျမှုဖြစ်ပွား ခဲ့ရာမှ ပိမိ၍ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဖားကန့်မြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်/အဆောက်အဦများ ပြိုကျ ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။(Xinhua)