ကွမ်ကျိုး ၊ မေ ၂၂ ရက်(ဆင်ဟွာ) ဂျာမန် ဓာတုကုမ္ပဏီကြီး BASF က စက်ရုံသစ် နှစ်ရုံအား တရုတ် နိုင်ငံ တောင်ပိုင်း ကျန့်ကျန်း (Zhanjiang) မြို ့၏ Verbund ဓာတုပစ္စည်းများ ထုတ်လုပ်သော နေရာ၌ တည်ဆောက်ရန် စီစဉ်ထားကြောင်း မေ ၂၁...
မက္ကဆီကို စီးတီး၊ မေ ၂၂ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Coahuila ပြည်နယ်တွင် မေ ၁၉ ရက် ညပိုင်းက လုံခြုံရေးတပ်နှင့် ဒေသလက်နက်ကိုင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံး ခဲ့ကြောင်း ယင်းပြည်နယ် စစ်ဆေးရေးအဖွဲ့က မေ ၂၁ ရက်တွင်...
မနီလာ၊မေ ၂၂ ရက်(ဆင်ဟွာ) အသစ်တဖန်ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်းများအဖြစ် ကနေဒါနိုင်ငံပုဂ္ဂလိကကုမ္ပ ဏီ တစ်ခုက ကနေဒါမှဖိလစ်ပိုင် သို့ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များအတွင်းက ကုန်သေတ္တာ ၁၀၀ ကျော်ဖြင့် တင်ပို့ခဲ့သောအမှိုက်သရိုက်များကြောင့် ကနေဒါနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံ တို့အကြား ဆက်ဆံ ရေး မှာ အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုသည့်အတိုင်း ထိခိုက်နေရကြောင်းသိရသည်။
ဘဂ္ဂဒက်၊ မေ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နှင့်အီရန်အကြား တင်းမာသည့်အခြေအနေကို ဖြေလျှော့ရန် အီရတ်က ယင်းနိုင်ငံများသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်သွားမည်ဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် Adel Abdul Mahdi က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် ဂျိုကိုဝီဒိုဒို (Joko Widodo) ထံသို့ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့်လည်းကောင်း၊ ၎င်းကိုယ်တိုင် အနေဖြင့်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
မော်စကို ၊ မေ ၂၂ ရက်(ဆင်ဟွာ) အာတိတ် နှင့် ပစိဖိတ် သမုဒ္ဒရာများ၏ နိုင်ငံတကာရေပိုင်နက်များပေါ်တွင် ပုံမှန်လေ့ကျင့်ပျံသန်းရေးပြုလုပ်နေသည့် ရုရှားနိုင်ငံမှ Tu-95MS မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် ၄ စင်းအား အမေရိကန်တိုက်လေယာဉ်များက ခြံရံလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန မေ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) ချင်းပြည်နယ် တီးတိန် မြို့နယ် အတွင်း မော်တော်ယာဉ် တစ်စီးသည် မေ ၂၀ ရက်က ချောက်အတွင်းသို့ထိုးကျ တိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ လေးဦးမှာ သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
မော်စကို ၊ မေ ၂၂ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ သမ္မတ ပူတင် ၊ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ် နှင့် ပြင်သစ် နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် တို့က မေလ ၂၁ ရက်...
ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ) တတိယအကြိမ်မြောက် မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကို မေ ၂၁ ရက်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ကျင်းပခဲ့သည်။