ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်၊ခြံ၊မြေ၊တိုက်ခန်းစံနှုန်းများအားယခုနှစ်မေလအတွင်း စိစစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မှတ်တိုင်၌ မရပ်သော ဘတ်(စ်)ကားများ၊ ဘတ်(စ်)ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (JMC Conference) ကို ယနေ့ ရန်ကုန်မြို့၌ စတင်ကျင်းပလျက် ရှိကြောင်း သိရသည်။
ဝါရှင်တန် ၊ မေလ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် active shooter ဟူခေါ်သော “တက်ကြွ လှုပ်ရှားနေသည့် သေနတ်ကိုင် သမားများ”က လူသူစုဝေးသည့်နေရာများတွင် ဖြစ်ပွားသော သေနတ်ကိုင် ပစ်ခတ်မှုများ တိုးမြင့်လာ သောကြောင့် ယခု ၂ နှစ်အတွင်း သေဆုံးဒဏ်ရာရသူ ၁ ထောင် နီးပါးရှိပြီ...
ဝါရှင်တန်၊ မေ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုဆလင်မြို့ရှိ အမေရိကန်သံရုံးဖွင့်ပွဲ အတွက် အစ္စရေးသို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့အား မေ ၇ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ မေလ ဒုတိယ(၁၀)ရက်ပတ်တွင် အနောက်တောင်မုတ်သုံလေသည် မေလ(၁၆-၂၀)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက် နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ် ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်...
ဂါဇ်နီ ၊ မေ ၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဂါဇ်နီ(Ghazni) ပြည်နယ်၌ အဝေးထိန်းမိုင်းတစ်လုံး(IED)ကို တပ်ဆင်နေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူက မေ ၈ ရက်တွင်ပြောကြားခဲ့သည်။
ဘာလင်၊ မေလ ၈ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း အာချဒ်(Aichach)မြို့ မီးရထားဘူတာအနီးတွင် မေလ ၇ ရက်နေ့ က ရထားနှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူအမြောက်အမြားရှိခဲ့ကြောင်း သိရှိရသည်။
မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ရုရှား Ka-52 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က မေ ၇ရက်တွင်ပြောကြားခဲ့သည်။
ဂျေရုစလမ် ၊ မေ ၈ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုက အစ္စရေးနိုင်ငံအား မည်သည့်တိုက်ခိုက်လာမှုမျိုးကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်မှုမျိုးဖြင့် ကြုံတွေ့သွားရမည်ဖြစ်ကြောင်း မေလ ၇ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။