Connect with us

Politics, Law & Military

ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းဆောင်ရွက်ရန် အတွက်သတိပေးချက် ထုတ်ပြန် ကြေညာ

တပ်မတော်(ရေ) စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း ရပြင်ရန်ကာကွယ်ရေးအား လက်တွေ့လေ့ကျင့်စဉ် (ဓာတ်ပုံ--တပ်မတော်ရေ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ၂၀၁၉ ခုနှစ် မတ် ၃ ရက် မှ ၁၈ ရက် အထိ ကာလအတွင်း ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းဆောင်ရွက်ရန် အတွက်သတိပေးချက် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း(Combined Fleet Exercise)နှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်းအနီးရေပြင်တွင် လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point DDမြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန် ကြေညာ ထားရှိပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဧရိယာမှ ငါးမိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်း ငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန် အသိပေးကြေညာထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.