ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီသည် ရေနံထုတ်လုပ်ပြီးနောက် ထွက်ရှိလာသည့် ရေဆိုးများအား သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်ခဲ့သဖြင့် ဘရာဇီးငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ဒဏ်ကြေးပေးဆောင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၆...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၂၇လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ တောင်ပိုင်းကုန်းမြင့် ပြည်နယ်၊ မန်ဒီမြို့ အနောက်တောင်ပိုင်း ၉၆ကီလိုမီတာ တွင် ဖေဖော်ဝါရီ ၂၆ရက်က အင်အား ၇.၅ပမာဏရှိ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ဖေဖော်ဝါရီ ၂၇ရက်တွင် လူ ၃၀ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တပင်ရွှေထီးလမ်းမကြီး ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်းခင်းပေးရန်အစီအစဉ် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ဦးမောင်မောင်စိုး ကပြောကြားသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်ပိုင်း Perm ဒေသ ရှိ ဟော်တယ်တစ်ခု၌ ဖေဖော်ဝါရီ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေး ၃ဦးအပါအဝင် လူ ၆ဦးသေဆုံးခဲ့ကြောင်း ဒေသစုံစမ်းစစ်ဆေးရေးကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်ပုန်းဆိုင်များနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားပါက ချက်ချင်းအရေးယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။
ဗန်ကူဗာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဗြိတိန်ကိုလံဘီယာ (BC) ပြည်နယ် အဝေးပြေးလမ်းမတစ်ခုပေါ်ရှိ ရေခဲများဖုံးလွှမ်းနေသော လမ်းပိုင်းတစ်ခုတွင် မော်တော်ယာဉ် ၆စီး တိုက်မိခဲ့ရာ လူ ၂၉ဦး ကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း CTV သတင်းက ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေး၌ ဆွေးနွေးကြကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်း ညောင်ပင်ရွာနှင့်နှီးဘုရားကြား၌ ဖေဖော်ဝါရီ ၂၅ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော လူ၉ဦး၏ ရုပ်အလောင်းများ တွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၅၁၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။