Connect with us

Africa & Middle East

ဆီးရီးယား အရှေ့ပိုင်းတွင် လူသေအလောင်းများ မြှုပ်နှံထားသည့် နေရာ ၇ခုကို တူးဖော်တွေ့ရှိ

ဆီးရီးယားတွင် ယခင်က တူးဖော်တွေ့ရှိခဲ့သည့် ရုပ်အလောင်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ IS စစ်သွေးကြွတို့၏ ယခင်ခြေကုပ်စခန်းဟောင်းတစ်ခုတွင် ရာနှင့်ချီသော လူသေအလောင်းများမြှုပ်နှံထားသည့် ဂူသချုႋင်း ၇ ခု ကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA က ဒီဇင်ဘာ ၁၁ရက်တွင်ဖော်ပြခဲ့သည်။

မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရသည့် ရုပ်အလောင်းရာပေါင်းများစွာ ကို နိုင်ငံအရှေ့ပိုင်း Deir al-Zour ပြည်နယ် အရှေ့တောင်ပိုင်း Abu Kamal မြို့ရှိ ဂူသချုႋင်းများတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း SANA၏ ဖော်ပြချက်အရ သိရသည်။

ယင်းရုပ်အလောင်းများသည် IS စစ်သွေးကြွများ ယင်းဧရိယာအား စိုးမိုးစဉ်အခါက သတ်ဖြတ်ခံရသူများဖြစ်ကြောင်း သတင်း၌ ပါရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဆီးရီးယားအာရပ် လခြမ်းနီအဖွဲ့တို့ ပူးပေါင်း၍ ရုပ်အလောင်း ၁၀၁လောင်းကို တူးဖော်တွေ့ရှိခဲ့ပြီး အများစုသည် နှိပ်စက်ညှဉ်းပန်းခံထားရကြောင်း နှင့် ဆက်လက်တူးဖော်နေဆဲဖြစ်ကြောင်း သိရသည်။

ဆီးရီးယားစစ်တပ်သည် Abu Kamal မြို့အား ၂၀၁၇ခုနှစ်တွင် IS စစ်သွေးကြွများလက်မှ ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117