Connect with us

Africa & Middle East

မော်ရိုကိုတောင်ပိုင်းတွင် ရွှေ့ပြောင်းသွားလာသူ ၂၉၈ဦးကို ပင်လယ်တွင်းမှ ကယ်ဆယ်၊ ရုပ်အလောင်း ၂လောင်း ဆယ်ယူရရှိ

မြေထဲပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးစားနေသည့် ရွှေ့ပြောင်းသွားလာသူများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာဘက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ ရေတပ်သည် မြေထဲပင်လယ်အတွင်း အာဖရိကမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၉၈ဦးကို ကယ်ဆယ်ခဲ့ပြီး ရုပ်အလောင်း ၂လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း မော်ရိုကို စစ်တပ်က ဒီဇင်ဘာ ၁၁ရက်တွင် ကြေညာခဲ့သည်။

မော်ရိုကိုကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၀ ရက် နှင့် ၁၁ရက်တွင် ရော်ဘာလှေ ၅စီး၌ လိုက်ပါလာသူများကို ကယ်ဆယ်ခဲ့ကြောင်း ရေတပ်ကပြောကြားခဲ့သည်။

ယင်းလှေများအနက် တစ်စင်းသည် နိုင်ငံမြောက်ပိုင်း Nador မြို့ ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၈ရက်ကတည်းက အင်ဂျင်ချို့ယွင်းသဖြင့် ဒုက္ခရောက်နေကြောင်း၊ လူ ၅၅ဦးမှာ ကျန်းမာရေးအခြေအနေချို့တဲ့နေကြောင်း နှင့် လှေအတွင်း ရုပ်အလောင်း ၂လောင်းကို တွေ့ရှိခဲ့ကြောင်း ရေတပ်ကပြောကြားခဲ့သည်။

ရေတပ်၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ကယ်ဆယ်ပေးထားသည့် တရားမဝင်ရွှေ့ပြောင်းသွားလာသူများကို Nador နှင့် Al Hoceima ဆိပ်ကမ်းများသို့ မခေါ်ဆောင်သွားခင် ၎င်းတို့အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဖြည့်ဆည်းပေးထားကြောင်း ရေတပ်ကပြောကြားခဲ့သည်။

မော်ရိုကိုနိုင်ငံ၌ ၂၀၁၈ခုနှစ်တွင် တရားမဝင် ရွှေ့ပြောင်းသွားလာရန် ကြိုးစားမှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မော်ရိုကိုနိုင်ငံသည် ၂၀၁၈ခုနှစ် ဇန်နဝါရီ နှင့် နိုဝင်ဘာလအကြား တရားမဝင် ရွှေ့ပြောင်းသွားလာရန် ကြိုးစားမှု ၇၆,၀၀၀ခု ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.