Connect with us

North America

စမတ်ဖုန်းများနှင့် တက်ဘလက်များက ကလေးငယ်များ၏ ဦးနှောက်တည်ဆောက်မှုကို ပြောင်းလဲစေနိုင်

တက်ဘလက် စခရင်ကိုကြည့်ရှုနေသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စမတ်ဖုန်းများနှင့် ဗီဒီယိုဂိမ်းများ ကြည့်ရှုချိန် တစ်နေ့လျှင် ၇ နာရီကျော် အသုံးပြုသည့် ကလေးငယ်များမှာ “ဦးနှောက်အပြင်လွှာက အချိန်မတိုင်မီ ကြုံ့သွားနိုင်ကြောင်း” လေ့လာမှုအသစ်နှင့် လက်ရှိလုပ်နေဆဲ လေ့လာမှုတစ်ခုက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ အမျိုးသား ကျန်းမာရေးတက္ကသိုလ် (NIH) က ထောက်ပံ့ထားသော အဆိုပါ လေ့လာမှုတွင် ဆယ်ကျော်သက် ၁၁,၀၀၀ ကျော်အား ကလေးဘဝ အတွေ့အကြုံများက ဦးနှောက်အပေါ် မည်သို့ သက်ရောက်မှုရှိသနည်းဆိုသည်ကို လေ့လာခဲ့သည်။

လေ့လာမှုမှ ပထမဆုံး တွေ့ရှိချက်ကို ထွက်ရှိပြီး ဖြစ်သည်။ လေ့လာမှုတွင် ပါဝင်သူ ၄,၅၀၀ ၏ ဦးနှောက်များကို စကင် (Scan) ဖတ်ခဲ့ရာ တစ်နေ့လျှင် အချိန် ၇ နာရီကျော်ကြာ စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် ဗီဒီယိုဂိမ်းများ အသုံးပြုသည့် ကလေးများ၌ အချိန်မတိုင်မီ ဦးနှောက်အပြင်လွှာပါးလွှာသွားခဲ့သည်ကို သုတေသီများ တွေ့ရှိခဲ့ကြသည်။

ဤအချက်များက စခရင်ကြည့်ရှုချိန် (Screen Time) ကြောင့် ဖြစ်တာလား။ ဆိုးဝါးသည့်အရာလား ဆိုသည်ကိုမူ ပြောဖို့စောသေးကြောင်း NIH မှ ဆရာဝန်တစ်ဦးဖြစ်ပြီး ယင်းပရောဂျက်တွင် အတူလုပ်ကိုင်ခဲ့သော ဒေါက်တာ Gaya Dowling က CBS News နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လေ့လာမှုမှ အစောပိုင်းရလဒ်များအရ နေ့စဉ် စခရင်ကြည့်ရှုချိန် နှစ်နာရီကျော်ကြည့်ရှုခြင်းက ကလေးများကို ဆိုးရွားစွာဖြစ်နိုင်သည်ကို ပြသထားကြောင်း၊ တစ်နေ့လျှင် စခရင်ကြည့်ရှုချိန် နှစ်နာရီကျော်ရှိသည့် ကလေးများမှာ စဉ်းစားတွေးခေါ်မှုနှင့် ဘာသာစကားအရည်အသွေးများအပေါ် စမ်းသပ်မှု၌ အမှတ်များလျော့ကျခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.