ဆာနား၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံမှ ရှီယိုက် ဟူသီသူပုန်များသည် ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်မြို့ ရှိ ဘုရင်ခါလဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုဝင်ဘာ ၄ ရက် ညပိုင်းက တာဝေးပစ်တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟူသီသူပုန်ပိုင် ဆာဘား သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) အပတ်စဉ် စနေ-တနင်္ဂနွေ နေ့များတွင် ရန်ကုန်မြို့သိမ်ဖြူလမ်း၌ ဖွင့်လှစ် ရောင်းချခဲ့သည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ...
ဟနွိုင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက တိုက်ခတ်ခဲ့သော Damrey တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၁ ဦး သေဆုံးပြီး လူများစွာ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံ Hihifo ကျေးရွာ အရှေ့မြောက်ဘက် ၁၃၈ ကီလိုမီတာအကွာ၌ အင်အား ၆.၉ ရစ်ချ်တာစကေးရှိသော အင်အားပြင်း ငလျင်တစ်ခု ယနေ့ (နိုဝင်ဘာလ ၄ ရက်) လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်းက ပြောကြားခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ဘုရားဖူးလာသူ လူအုပ်ပိ၍ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိမှု ယနေ့ (နိုဝင်ဘာလ ၄ ရက်) ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဝန်းကျင်ဒေသများ၏ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကညင်ချောင်းစီးပွားရေးဇုန်က အချက်အချာကျကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က ရုရှား နိုင်ငံ လေကြောင်း တပ်ဖွဲ့ သည် ရေကြောင်း တပ်ဖွဲ့ နှင့် ပူးပေါင်း၍ ဆီးရီးယား နိုင်ငံ Deir ez-Zor...
ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ပြန်လည် သုံးသပ်ပြင်ဆင်ထားသော တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ အခြေခံ ဥပဒေအား လူနည်းစု လူမျိုး ၇ စု၏ ဘာသာစကားများဖြင့် ထုတ်ဝေလိုက်ကြောင်း ထုတ်ဝေသူက နိုဝင်ဘာလ ၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ကလေးမြို့ ကလေး-တမူးကားလမ်းအနီးတွင် ဒိုင်နာယာဉ်တစ်စီးက လမ်းဘေးတွင် လမ်းလျှောက်လာသော လူသုံးဦးအား တိုက်မိကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးဦးသေ၊ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟာဗားနား၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံတွင် နိုဝင်ဘာလ ၂၆ ရက်မှာ ပြုလုပ်မည့် မြူနီစီပယ် ရာထူးများအတွက် အထွေထွေ ရွေးကောက်ပွဲများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူ ၂၇၂၂၁ ဦး ရှိကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင် (CEN) က နိုဝင်ဘာလ ၂...