Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီပင်လယ်ပြင်ပတွင် သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် သင်္ဘောသား ၇ ဦးကိုရှာဖွေနေ

အင်ဒိုနီးရှားရေတပ်ပိုင် ကယ်ဆယ်ရေးလှေတစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေစခန်းပြင်ပရေပြင်၌ ကုန်ပစ္စည်းတင်သင်္ဘောတစ်စင်း နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ သင်္ဘောသား ၇ ဦးကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေကြောင်း အကြီးတန်း ကယ်ဆယ်ရေးသမားတစ်ဦးက နိုဝင်ဘာလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

East Nusa Tenggara ပြည်နယ် Waingapu မြို့သို့ ဦးတည်သွားနေသော KM Multi Prima One ကုန်ပစ္စည်းတင်သင်္ဘောသည် အရှေ့ဂျာဗားပြည်နယ်မြို့တော် Surabaya မြို့မှ ထွက်ခွာလာပြီးနောက် ဘာလီပင်လယ်ကွေ့တွင် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး သတင်းပြန်ကြားရေး အကြီးအကဲ Yusuf Latief က ပြောကြားခဲ့သည်။

“ပျောက်ဆုံးနေသူ ၁၄ ယောက်ထဲက ၇ ယောက် ကျန်နေပါသေးတယ်။ သူတို့ကို ကယ်ဆယ်ရေးအတွက် အခု လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ရှာဖွေရေးလုပ်ငန်းကို ကမ်းမှရေမိုင် ၂၀၀ အကွာ်ရှိ သင်္ဘောမှောက်သည့်နေရာတစ်ဝိုက်တွင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း Latief က ဆိုသည်။သင်္ဘောနစ်မြုပ်မှုမှ အသက်ရှင်ကျန်ရစ်သည့် သင်္ဘော ၇ ဦးအား ထိုနေရာကို ဖြတ်သွားသည့် Cahaya Abadi 201 အမည်ရှိသော အခြားသင်္ဘောတစ်စင်းမှ ကယ်ဆယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)