Connect with us

Africa & Middle East

ယူဂန်ဒါနိုင်ငံတွင် ရေယာဉ်နစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံး

ယခင်က Victoria ရေကန်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ရေယာဉ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ကမ်ပါလာ ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ယူဂန်ဒါ နိုင်ငံ အလယ်ပိုင်း Mukono ဒေသရှိ Victoria ရေကန်တွင် နိုဝင်ဘာ ၂၄ ရက်က ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ၁၀ ဦးသေဆုံးပြီး လူ ၄၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယူဂန်ဒါ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး သတင်းအချက်အလက်သစ်များကို များမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က လူမီဒီယာတွင် ဖော်ပြထားသည်။ နစ်မြုပ်သွားသည့် ရေယာဉ်ပေါ်တွင် ခရီးသည်မည်မျှတင်ဆောင်ခဲ့သည်ကို အတိအကျမသိရသေး ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက စီမံဆောင်ရွက်ရှိကြောင်း ၊ အသေးစိပ်ကို ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ကမ်ပါလာမြို့ ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Luke Owoyesigireက ဆင်ဟွာကို ဖုန်းဖြင့်ပြောကြားခဲ့သည်။ ယူဂန်ဒါနိုင်ငံတွင် ဝန်ပိုတင်ဆောင်မှုကြောင့် ရေယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိ သည်။ ၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက်က လည်း Albert ရေကန်တွင် ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117