နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်သည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်သည် ဖေဖော်ဝါရီလကုန်တွင် အနားယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က ပြောကြားလိုက်သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ လေထုအရည်အသွေးမှာ ကျန်းမာရေးကို ထိခိုက်စေသဖြင့် အပြင်ထွက်သည့်အခါ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ထားကြရန် ယင်းမြို့၌ နေထိုင်သူများအား အကြံပြုထားကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် ယခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်တိုင်းကြီးငါးခု၌ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရာဘတ်၊ ဒီဇင်ဘာ၂၁ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံဝန်ကြီးချုပ် ဆတ်အတ်ဒင်းအယ်လ်အို့သ်မန်နီ (Saad Eddine El Othmani) က ကမ္ဘာ့လှည့်နိုင်ငံခြားသားခရီးသွားဧည့်သည် နှစ်ဦး ကို မော်ရိုကိုနိုင်ငံအလယ်ပိုင်းတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှု နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထရီပိုလီ ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) တူရကီ နိုင်ငံမှ လက်နက် ခဲယမ်း မီးကျောက်များ သယ်ဆောင်လာသော သဘောၤ နှစ်စင်း ဖမ်းဆီး ရမိမှုအား စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပြုထားသော လစ်ဗျားနိုင်ငံ အစိုးရက...
ခါတွန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ အရှေ့ပိုင်း ဂတ်ဒါရစ်ဖ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၀ ရက်က ဆန္ဒပြသူ ၆ ဦး သေဆုံးသွားခဲ့ကြောင်း Sudania 24 TV သတင်းအရသိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၁ ရက်အလွန်တွင် အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခြင်းကို ရှောင်လွှဲနိုင်မည့် ကာလတိုရန်ပုံငွေ ဥပဒေကြမ်းကို အတည်ပြုမည်မဟုတ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါလ်ရိုင်က ပြောကြားလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မင်းကင်း -ကလေးဝကားလမ်း မိုင်တိုင်အမှတ်(၇၉/၈၀)ကြားတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ပေ ၃၀၀ အနက်ရှိ ချောက်အတွင်း ထိုးကျပြီး လူ ၂ဦးသေကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၆/၇)နှင့် (၁၉၇/ဝ)ကြား တွင် ဒီဇင်ဘာ ၂၀ ရက်တွင် ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ...