ဆိုးလ် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယားအားကစားသမားအဖွဲ့ကို ထိပ်တန်းဥပဒေပြုအမတ်တစ်ဦးက ဦးဆောင်လာမည်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ ရီဆတ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီ ၂၀ ရက်မှ စ၍ ကာ့ဒ်စစ်သွေးကြွများ ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့၌ တူရကီဘက်မှ တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့စဉ်ကတည်းက စစ်သွေးကြွ...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဖက်က ထိန်းချုပ်ထားသော ဂျာမူးပြည်နယ်နှင့် ကက်ရှ်မီးယား နယ်စပ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က ပါကစ္စတန်စစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယ စစ်သား ၃ ဦးနှင့် အရာရှိ ၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ရှိ ခရီးသည်တင် ရထား တစ်စင်း သည် ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ် တွင် ကုန်တင် ရထား တစ်စင်း နှင့်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အအုံ ပြင်ဆင်မှု လုပ်ငန်းကို အမျိုးသား စာကြည့်တိုက်(ရန်ကုန်) အကြီးစား ပြင်ဆင်မှုလုပ်ငန်းအဖြစ် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် လုပ်ငန်းများ စတင်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်ကုန်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်း ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေး...
မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၌ ရုရှားဂျက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရသည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ကြီးမားသော လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၃ဝ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမော်စကိုမြို့၌ ဒုတိယမြောက် နေ့အဖြစ် ဆီးနှင်းများထူထပ်စွာကျင်းဆင်းနေရာ လူတစ်ဦးသေဆုံးခဲ့ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sobyanin က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ် (၁၇၂)ရှိ ကတ်ထူစက္ကူစက်ရုံ ယနေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် မီးစတင်လောင်ကျွမ်းရာ မီးများကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယနေ့ နေလည် ၃နာရီ ၁၂မိနစ်ကျော်တွင် အင်အားရစ်(ခ်)တာစကေး ၄.ဝအဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၇၇ဦးအပါအဝင် IS စစ်သွေးကြွဟု သံသယရှိသူ ၈၂ဦးကို အစ္စတန်ဘူလ်မြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။