Connect with us

Politics, Law & Military

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၌ ၅ လက်မ ပတ်လည်ခန့်ရှိ ဆင်သားရေ ၂၉၀ ချပ် သိမ်းဆည်းရမိမှုဖြစ်ပွား

သိမ်းဆည်းရမိသည့် ဆင်သားရေချပ်ထည့်ထားသည့် အိတ်များအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၅ လက်မ ပတ်လည်ခန့်ရှိ ဆင်သားရေ ၂၉၀ ချပ် သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၉း၃၀နာရီ အချိန် တောင်ကုတ်မြို့နယ်၊ ပဒါးကျေးရွာနေ နေမင်းထွန်း(၄၅)နှစ်သည် ဆင်သားရေများသယ်ယူရန် ကားလိုက်လံငှားရမ်းနေကြောင်း သတင်းအရ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ယာဉ်မောင်းတစ်ဦးအား EE/×××× Probox ယာဉ်ဖြင့် အသွင်ယူစေလွှတ်ခဲ့ပြီး ဖုန်းဖြင့်ချိတ်ဆက်၍ ပုသိမ်မြို့၊ ပုသိမ်ကြိုးတံတား၌ စောင့်ဆိုင်းခဲ့ရာ ၂၃၃၀ အချိန်တွင် နေမင်းထွန်းအား ၎င်းသယ်ဆောင်လာသည့် ၅ လက်မပတ်လည်ခန့်ရှိ ဆင်သားရေ ၂၉၀ ချပ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ငွေ ၁,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နေမင်းထွန်း၏ ထွက်ဆိုချက်အရ ဝယ်လက်ဖြစ်သူ မောင်သော်(ခ)စိုးနိုင်(၂၈)နှစ်ထံ ဖုန်းဖြင့် ဆက်သွယ်စေပြီးနောက် သွားရောက်ဖမ်းဆီးခဲ့ရာ မောင်သော်(ခ)စိုးနိုင်ပါ ၃ ဦးတို့အား ပုသိမ်မြို့၊ (၁)ရပ်ကွက်၊ တဲကြီးကုန်းလမ်းမပေါ်တွင် ဆိုင်ကယ် ၁ စီး၊ ဒီဂျစ်တယ်ချိန်စက် ၁ ခု၊ စပရိန်ချိန်စက် ၁ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေ ၁,၅၃၇,၁၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် နေမင်းထွန်းပါ ၄ ဦးအား ပုသိမ်မြို့မရဲစခန်း(ပ)၆၄၄/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၄၁(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.