ဆာနား၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “လာဘန်”လွန်ခဲ့သော ရက်များက ယီမင်နိုင်ငံ အရှေ့ပိုင်း Al Mahwit ပြည်နယ် ကုန်းမြေသို့ ဝင်ရောက်ခဲ့ရာ ရေကြီးရေလျှံဖြစ်ပွားမှု လူ ၁၁ ဦးသေဆုံးပြီး ၁၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်အခြေစိုက် ကုလသမဂ္ဂရုံးက အောက်တိုဘာ ၂၁ ရက်နေ့ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Jacksonville မြို့တွင် လူ ၆ဦးသေနတ်ပစ်ခတ်ခံရပြီး ၃ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ကွီတို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayasပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက်က ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ကွီတို(Quito)၊ Guayaquilမြို့နှင့် အနောက်တောင်ပိုင်းရှိ မြို့အတော်များများတွင် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Punjab ပြည်နယ် တွင် အောက်တိုဘာ ၂၁ ရက်က ခရီးသည်တင်ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ပြည်တွင်းသတင်းဌာနကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်၌ အောက်တိုဘာ ၁၈ ရက်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်ဗိုလ်ချုပ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲ ဒုတိယနေ့အဖြစ် ပြည်နယ် ၃၄ ခုအနက် ၁၄ ခုတွင် အောက်တိုဘာလ ၂၁ ရက်တွင် မဲပေးမှုဆက်လက်ကျင်းပခဲ့စဉ် နိုင်ငံအရှေ့ပိုင်း Nagharhar ပြည်နယ်တွင် လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲံကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး အသုံးစရိတ်များလျာထားမှုများအား ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း အဖွဲ့များ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေး၌ ဆွေးနွေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ငွေကျပ် ၉၃၆ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၂၀သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...