Connect with us

North America

ဖလော်ရီဒါ တွင် လူ ၆ဦးသေနတ်ပစ်ခတ်ခံရ၊ သေနတ်သမားမှာ လွတ်မြောက်နေဆဲဟုသိရ

ဖလော်ရီဒါရဲတပ်ဖွဲ့၏ ရဲကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Jacksonville မြို့တွင် လူ ၆ဦးသေနတ်ပစ်ခတ်ခံရပြီး ၃ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ပစ်ခတ်ခံရသူ ၆ဦးမှာ အရွယ်ရောက်ပြီးသူများဖြစ်ကြောင်း ရဲအရာရှိများကပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က တရားခံသည် မီးခိုးရောင် (သို့) ငွေရောင် တံခါးလေးပေါက်ကားထဲတွင်ရှိခဲ့သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ပြည်တွင်းသတင်းများအရ သေနတ်ပစ်ခတ်မှုသည် Jacksonville Jaguars ဘေ့စ်ဘော အသင်း နှင့် Houston Texans အသင်းတို့ ယှဉ်ပြိုင်ကစားရာ Jaguars အားကစားရုံရှိ TIAA Bank ကွင်း နှင့် ဘလောက် အနည်းငယ်အကွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117