ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်စိုးသည် ကိုရီးယားသမ္မတ နိုင်ငံသံရုံး၊ သံရုံးယာယီ တာဝန်ခံ Mr. Kim Jung Han(မစ္စတာကင်ဂျွန်ဟန်) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံစဉ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ မှုခင်းသိပ္ပံ ဘာသာရပ်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး...
နေပြည်တော် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေး အပြုသဘောဖြေရှင်းရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို ကြိုဆိုကြောင်း ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြောကြားသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
အာဗူဂျာ ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က စက်တင်ဘာ ၁၈ ရက်နေ့၌ နိုင်ငံအရှေ့မြောက်ပိုင်း Borno ပြည်နယ်တွင် အသေခံ ဗုံးဖောက်ခွဲမှု ၃ ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ မြစ်ရေတိုက်စားခြင်းဒဏ်ခံရသည့် မြို့နယ်ခြောက်ခုမှ ကျေးရွာ ၁၂ ရွာကို ယခုနှစ် ဒီဇင်ဘာလတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖရိက လုံခြုံရေး ဖိုရမ်အား အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး စီစဉ်သူများက စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာလိုက်သည်။
နယူးယောက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၈ ရက်က ဘတ်စ်ကားနှစ်စီး တိုက်မိရာ လူ၃ဦးသေဆုံးပြီး အခြားလူ ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သည့် “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းမှုအကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားမှု” (Speech by the State Counsellor...
စင်ကာပူ ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း ၏ မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မည့်ခရီးစဉ်သည် တရုတ်စင်ကာပူ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်အောင် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံတမန်က စက်တင်ဘာလ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ သည် စက်တင်ဘာလ ၁၈ ရက်က ဆွေးနွေးစဉ် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်း ဗျူရိုကရေစီယန္တယားကို ပြောင်းလဲမှုတစ်ခုပြုလုပ်သွားရန် ပြောကြားခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများ ပပျောက်စေရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို နိုင်ငံတော်သမ္မတရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။