Connect with us

North America

အမေရိကန်နိုင်ငံက ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး၏ အငြင်းပွားမှုဆိုင်ရာ တရားစီရင်ခွင့် သဘောတူညီချက်မှ နုတ်ထွက်

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်(John Bolton)က အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက ဗီယင်နာ သံတမန်ဆက်ဆံရေးဆိုင်ရာ သဘောတူညီမှု စာချုပ်တွင် ပါဝင်သော နိုင်ငံတကာတရားရုံး၏အငြင်းပွားမှုဆိုင်ရာ တရားစီရင်ခွင့် သဘောတူညီချက်မှ နုတ်ထွက်လိုက် ကြောင်း အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ ထရန့်က အမေရိကန်သည် အဆိုပါ သဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ် ကြောင်း ၊ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ရွှေ့ပြောင်း ဖွင့်လှစ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ပါလက်စတိုင်းက အမေရိကန်အား နိုင်ငံတကာ တရားရုံးတွင် စွဲချက်တင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း ၊ ထရန့်အစိုးရအနေဖြင့် နိုင်ငံတကာ တရားရုံး၏အခြား တရားစီရင်ခွင့် ဆိုင်ရာ သဘောတူညီ ချက်များကို ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း ဂျွန်ဘိုလ်တန်(John Bolton)က အိမ်ဖြူတော်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

အမေရိကန်က အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို တယ်လ်အဗစ် (Tel Aviv) မြို့မှ ဂျေရုဆလင်မြို့သို့ ရွှေ့ပြောင်း ခြင်းသည် ဗီယင်နာ သံတမန်ဆက်ဆံရေးဆိုင်ရာ သဘောတူညီမှု စာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် နိုင်ငံတကာ တရားရုံးမှ တရားစီရင် ပေးရန် စွဲချက်တင် ထားကြောင်း ပါလက်စတိုင်းက စက်တင်ဘာ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်သမ္မတ ထရန့်က ဂျေရုဆလင်မြို့ကို အစ္စရေး မြို့တော် အသိအမှတ်ပြုကြောင်းကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ် မေလ တွင် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ကို တယ်လ်အဗစ် (Tel Aviv) မြို့မှ ဂျေရုဆလင်မြို့သို့ ရွှေ့ပြောင်း ဖွင့်လှစ်ခဲ့ရာ ပါလက်စတိုင်းက အပြင်းအထန် ကန့်ကွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.