Connect with us

Europe

ဝီစကီတစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၁.၁ သန်းဖြင့် စံချိန်တင်ရောင်းချ

အမေရိကန်ဒေါ်လာ ၁ သန်းကျော်တန်ဖိုးရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ဝီစကီပုလင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ဈေးအကြီးဆုံး ဝီစကီအရက်တစ်ပုလင်းကို ဗြိတိသျှငွေ ၈၄၈,ဝဝဝ ပေါင် (အမေရိကန်ဒေါ်လာ – ၁.၁ သန်း) ဖြင့် အီဒင်ဘတ်(Edinburgh) ၌ အောက်တိုဘာ ၃ ရက်တွင် လေလံပစ်၍ စံချိန်တင် ရောင်းချခဲ့ကြောင်း သိရသည်။

နှစ်ပေါင်း ၆ဝ ကြာပြီဖြစ်သည့် The Macallan Valerio Adami ဝီစကီပုလင်းကို ၁၉၂၆ ခုနှစ်တွင် စတင်ဖော်စပ်၍ ၁၉၈၆ ခုနှစ်တွင် ပုလင်းသွင်း ရောင်းချခဲ့ကြောင်း ၊ အဆိုပါ ဝီစကီအား ကြမ်းခင်းဈေး ပေါင်စတာလင် ၇ဝဝ,ဝဝဝ ထက် ပေါင်စတာလင် ၁၄၈,ဝဝဝ ပို၍ ပေးကာ လေလံပွဲတွင် ဝယ်ယူသွားခဲ့ကြောင်း BBC က ပြောခဲ့သည်။

အဆိုပါ ဝီစကီပုလင်းကို “ ခရစ်တော်၏ သန့်စင်မွန်မြတ်သော ဝီစကီ ”ဟုကျွမ်းကျင်သူများက အမည်တပ်ခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော ၎င်းမှာ အလွန်ရှားပါးခြင်း ၊ အရသာကောင်းမွန်ခြင်း နှင့် ဝီစကီဖော်စပ်ထားပုံမှာ စည်းစနစ်ကျခြင်း တို့ကြောင့် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြခဲ့သည်။

ယခင်က ရောင်းဈေး ၈၁၄,ဝ၈၁ ပေါင် ဖြင့် ကမ္ဘာ့စံချိန်ချိုးထားသည့် The Macallan Valerio Adami ဝီစကီကို ၁၉၂၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၈ခုနှစ် မေလတွင် ဟောင်ကောင်၌ ရောင်းချခဲ့ခြင်းဖြစ်သည်။

စကော့တလန်ဝီစကီ Macallan ကို ပေါ့အနုပညာရှင်များဖြစ်သည့် Adami နှင့် Peter Blake တို့က ပုလင်းတံဆိပ်ပုံကို ဒီဇိုင်းဆွဲပေးခဲ့ခြင်းဖြစ်ပြီး ပုလင်းအရေအတွက်ကိုလည်း ၂၄ လုံးသာ Limited edition ဖြင့်ထုတ်လုပ်ခဲ့သည်။ အနုပညာရှင်တစ်ဦးချင်းစီက ပုလင်း ၁၂ လုံးကို ဒီဇိုင်းဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သော လေလံပွဲမှာ အသက် ၈၃ နှစ်အရွယ် အီတလီပန်းချီဆရာ Adami ဒီဇိုင်းဆွဲပေးခဲ့သည့် ပုလင်း ၁၂ လုံးအနက် တစ်လုံးကို လေလံပစ် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် Adami ဒီဇိုင်းပုံဆွဲထားပေးသော ဝီစကီပုလင်းအရေအတွက် မည်မျှ ကျန်ရှိနေသေးသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ တစ်ဦးကမူ ၂ဝ၁၁ ခုနှစ် တွင် ဂျပန်နိုင်ငံ၌ ငလျင်လှုပ်ခတ်မှုအတွင်း အရက်ပုလင်းများ ပျက်စီးသွားကြောင်း ပြောကြားခဲ့ပြီး အဆိုပါ ဝီစကီပုလင်းများအနက် အနည်းဆုံး တစ်ပုလင်းမှာ ဖောက်သောက်ထားပြီးဖြစ်ကြောင်း ယူဆရသည်ဟု BBC ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.