ကဘူးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင်...
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ၊မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တိုက်ကြီးမြို့နယ် ကွမ်းသီးမြောင်ကျေးရွာ၏ အနောက်ဘက် သပြုသစ်တော ကြိုးဝိုင်း အနီးရှိ ကြံစိုက်ခင်း များအား တောဆင်ရိုင်းများက စက်တင်ဘာ ၅ ရက်တွင် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ဆိုးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်စေလွှတ်သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်စဉ်က တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းတွင် ယခုလ ၁၈ရက်မှ ၂၀ ရက်အထိ ကျင်းပရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က စက်တင်ဘာ ၆ ရက်တွင်...
ဆူဗာ ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဖီဂျီနိုင်ငံ၏ ဆူဗာကျွန်းဆွယ်(Suva) ဧရိယာတစ်လျှောက်၌ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆူနာမီအန္တရာယ်ကို ကြိုတင်ကာကွယ်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဆူနာမီသတိပေးကိရိယာသစ် ၉ ခုကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
တိုကျို ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး စီရင်စု၌ ယနေ့( စက်တင်ဘာ ၆ ရက်) နံနက်အစောပိုင်းတွင် ကနဦးတိုင်းတာမှုအရ ၆.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူနေအိမ်များစွာ မြေကြီးအတွင်း နစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်က မြောက်ကိုရီးယားနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် တောင်ကိုရီးယားနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် ယမန်နေ့က တွေ့ဆုံမှုအပြီးတွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ၎င်း၏ ကတိစကားကို ထပ်မံအတည်ပြု လိုက်ကြောင်း သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် Power China International Co., Ltd. က အမေရိကန်ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မိုးများသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်ရေ လျှံတက်သဖြင့် ကရင်ပြည်နယ် ကမမောင်းမြို့ရှိ မြို့တွင်း ရပ်ကွက်များနှင့် ကျေးရွာများရေဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။