ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကာလပြီးဆုံးပြီးနောက် ယာယီ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသူ ရေလုပ်သားများ အနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြု စိစစ်ပြီး မြန်မာ ရေလုပ်သား ၁၁ ဦးသည် မြန်မာနိုင်ငံသို့စက်တင်ဘာ ၉ ရက် ၊...
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရန်ကုန်-ပုသိမ်လမ်းမကြီးကို အသုံးပြုသော ခရီးသွားပြည်သူများအား စက်တင်ဘာ ၉ ရက်မှစ၍ လမ်း အဆင့် မြှင့်တင်ခြင်း ကာလ ပြီးဆုံးသည် အထိ လမ်းအသုံးပြုခကို အခမဲ့ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သဝဏ်လွှာတစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် ထံသို့ စက်တင်ဘာ ၉...
ဖနွမ်းပင် ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီသည် ၎င်း၏ မယ်တော်ဖြစ်သူ မိဖုရားဟောင်း နိုရိုဒွန်မိုနီနိတ်(Norodom Monineath) လိုက်ပါလျက် ပုံမှန်ဆေးစစ်မှုခံယူရန် ယနေ့စက်တင်ဘာ ၁ဝ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ထွက်ခွာသွားကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ပိုမို များပြားလာစေရေး ရည်ရွယ်ချက်များ ပါဝင်သည့် YSX Expo 2018 အခမ်းအနားအား ရန်ကုန် စတော့အိတ်ချိန်းမှ ကြီးမှူး၍ ယနေ့စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး အတူလက်တွဲတည်ဆောက်ရန် အဆိုပြုခဲ့သည့် ၅ နှစ်တာ ကာလအတွင်းတွင် နိုင်ငံတကာ လူမှုအဖွဲ့အစည်း၏ထောက်ခံပါဝင်လိုသည့် တုံ့ပြန်မှုများ တစ်နေ့တခြား ပိုမိုကျယ်ပြန့် လာသည်ကိုတွေ့ရပေမည်။ ခေတ်သစ်ပိုးလမ်းကြီး တည်ဆောက်ပြီး အကျိုးတူဖြစ်ထွန်းလိုသည့်ဆန္ဒရှိကြရာ မိမိသဘော အလျောက် ပါဝင်လိုကြသည့်နိုင်ငံများလည်း များသည်ထက်များပြားလာသည်။ အဘယ်ကြောင့် ယခုကဲ့သို့...
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၃ ခုတွင် သြဂုတ်လ အတွင်း လောင်းကစား အမှုပေါင်း၂၂၈ မှု အား ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ဂျေရုဆလမ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ယနေ့ ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄.၇ သန်းအထိရှိလာကြောင်း၊ ယင်းအနက် ၄၅ ရာခိုင်နှုန်းမှာ အစ္စရေးနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း Israeli Hebrew University က စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအစိုးရက ရေလွှမ်းမိုးခြင်းနှင့် ရွှံ့နွံများဖုံးလွှမ်းခံရသော ဒေသများရှိ သဘာဝဘေးလျော့ပါးရေး လုပ်ဆောင်မှုများတွင် ကူညီရန် ယွမ် ၁၅၅ သန်းသုံးစွဲရန် ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနထံမှ သိရသည်။
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၌ ရက်ပေါင်းအတော်ကြာဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းဖြစ်ပွားရာမှ လူ ၁၅ ဦးသေဆုံးပြီး ၁၉ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။