Connect with us

Africa & Middle East

အာဖဂန်နစ္စတန် ကဘူးလ်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လူ ၁၆ ဦးသေဆုံး

အာဖဂန်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ပထမတိုက်ခိုက်မှုသည် ကဘူးလ်ရှိ အမှတ် ၆ ရဲတပ်ဖွဲ့နယ်မြေအတွင်းရှိ အားကစားကွင်းအတွင်းတွင် ဖြစ်ပြီး ဒုတိယတိုက်ခိုက်မှုမှာ ၎င်းအားကစားကွင်း အပြင်တွင် ဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုနှစ်ခုမှာ အချိန် ၁ နာရီခန့်ခြားပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimi က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပထမတိုက်ခိုက်မှုမှာ အားကစားကွင်းအတွင်းရှိ နပန်းပြိုင်ပွဲကို လာရောက်အားပေးသည့်လူစုလူဝေး အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး ဒုတိယတိုက်ခိုက်မှုမှာ လုံခြုံရေးရဲဝန်ထမ်းများနှင့် သတင်းမီဒီ ယာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ၊ ဒုတိယတိုက်ခိုက်မှုကြောင့် သေဆုံးသူများ တွင် အာဖဂန် Tolo TVမှ သတင်းထောက် ၂ ဦး ပါဝင် ကြောင်း ၊ ထို့အပြင် အခြား သတင်းထောက် အနည်းဆုံး ၂ ဦး နှင့် လုံခြုံရေး ရဲဝန်ထမ်း ၁၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အားကစားကွင်းသို့ သွားရာ အဓိက လမ်းကြောင်းများကို ပိတ်ဆို့ထားခဲ့ ကြောင်း၊ ထို့နောက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ အချင်းဖြစ်နေရာကို ရောက်ရှိလာကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ယခုနှစ်တွင် ကဘူးလ်၌ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ လုံခြုံရေး အခြေအနေကောင်းမွန်မှုမရှိကြောင်း၊ သြဂုတ် ၁၅ ရက်တွင် ကဘူးလ်ရှိ ပညာသင်အဆောက်အဦ တစ်ခုကို IS အစွန်းရောက်အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကျောင်းသူကျောင်းသားများအပါအဝင် လူ ၃၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.