Connect with us

Asia

တောင်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးကို ယခုလအတွင်း ကျင်းပမည်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်နှင့် တောင်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်စေလွှတ်သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်စဉ်က တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းတွင် ယခုလ ၁၈ရက်မှ ၂၀ ရက်အထိ ကျင်းပရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများလုပ်ဆောင်ရန်အတွက် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံသည် လာမည့်အပတ်အစောပိုင်းတွင် ပန်မွန်ဂျုံ၌ အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားကြိုဆိုဧည့်ခံရေး၊လုံခြုံရေး၊ဆက်သွယ်ရေးစသည့်ကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတ အထူးကိုယ်စားလှယ် အမျိုးသား လုံခြုံရေးထိပ်တန်းအကြံပေး Chung Eui-yongက ယင်းနေ့ အိမ်ပြာတော်၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Chungဦးဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၅ ရက်က ပြုံယမ်းမြို့သို့ ရောက်ရှိ ခဲ့ကြောင်း ၊ထို့နောက် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် ၏ သဝဏ်လွှာကို ကင်ဂျုံအမ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.