ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်းမြေနယ်နိမိတ်တွင်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ ပူးပေါင်းပြီး ကင်းလှည့်မှု အကြိမ် ၄၀ကြိမ် ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ဇွန်လ (၉) ရက်မှ (၁၂) ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် စေတုတ္တရာ-ငဖဲလမ်းပိုင်းပေါ်တွင် ရေကြီး၊ ရေလျှံမှု ဖြစ်ပွားပြီး လမ်းပိုင်းများ ပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်၍ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန...
တီဟီရန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အီရန်မြို့တော် တီဟီရန်တွင် ဇွန်လ ၁၁ ရက်နေ့ညပိုင်းမှ ၁၂ ရက်နေ့နံနက်ပိုင်းအတွင်း မိုးကြိုးပစ်ခတ်မှုနှင့်လေပြင်းတိုက်ခတ်မှုများကြောင့် ယခုလက်ရှိ ဒဏ်ရာရသူ အနည်းဆုံး ၁၈ ဦး ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ မြစ်ကမ်းပါး အလျား (၂၅၀) ပေ၊ အနံ (၄၀) ပေ ပြိုကျခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အောင်ကုန်း ကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၈ ခုတွင် လယ်ဧက ၃,၀၉၂ ရေလွှမ်းမိုးနစ်မြုပ်ပျက်စီးခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း လေးလအတွင်း လူ ၃၃၉ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အော့တဝါ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတ ထရန့်က ကနေဒါဝန်ကြီးချုပ် Justin Trudeau ကို ပုတ်ခတ်ပြောဆိုမှုအား အပြစ်တင်ရှုတ်ချကြောင်း အဆိုပြုချက်ကို ကနေဒါအောက်လွှတ်တော်က ဇွန် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
နေပြည်တော်၊ ဇွန်လ ၁၂ ရက် (ဆင်ဟွာ) ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးရန် အာဆီယံ ဒေသတွင်း နိုင်ငံများမှ ဧည့်သည်များကို မြန်မာနိုင်ငံကို လာရောက်ဖို့ ဆွဲဆောင်မှုများ ပိုမို လုပ်ဆောင်သင့်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ ၂ က ယနေ့ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း တို့က ပြီးခဲ့သည့် အပတ် တွင် ယာယီအပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာ ခဲ့ခြင်း နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ...
မင့်စ်ခ် ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဘယ်လာရုစ် နိုင်ငံ အရေးပေါ် အခြေအနေ ဝန်ကြီးဌာန က ဘယ်လာရုစ် နိုင်ငံ အနေဖြင့် ဇွန်လ ၁၁ ရက်နေ့ ၌ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ ရှိ စစ်ဒဏ်သင့် ပြည်သူ...