Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၌ လေးလအတွင်း လူ ၃၃၉ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး

ရခိုင်ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လေးလအတွင်း လူ ၃၃၉ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း (၁၉၈၂) ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၅ အရ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်/မဟုတ် ဗဟိုအဖွဲ့၏အဆုံးအဖြတ်ခံယူရန် လျှောက်ထားသူများအား ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ဧပြီ ၃၀ရက် လေးလတာ ကာလအတွင်း ဗဟိုအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အသက် (၁၀) နှစ်ပြည့်သူ (၈၇) ဦးနှင့် အသက်(၁၈) နှစ်ပြည့်သူ (၂၅၂ ) ဦး၊ စုစုပေါင်း(၃၃၉)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း၊ ထိုနိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများသည် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၅၃ တို့တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသား အခွင့်အရေးများကို ခံစားခွင့် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို တည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိရာ လေးလကာလအတွင်း မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စု၊ မြို့မ(၁)ရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့တွင် (NV Card) ထုတ်ပေးခြင်းနှင့် Biometric Data စနစ်ဖြင့် မှတ်တမ်းတင်ခြင်း (၃၇၉) ဦး ၊ စစ်တွေမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ သက္ကယ်ပြင်ကျေးရွာနှင့် သဲချောင်းကျေးရွာတို့တွင် NV Card ထုတ်ပေးခြင်းနှင့် Biometric Data စနစ်ဖြင့် မှတ်တမ်းတင်ခြင်း (၁၉၀၇) ဦးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်မှု၏ အခြေခံဖြစ်သော NV Card လုပ်ငန်းစဉ် အရှိန်မြှင့်တင်ခြင်းကို စစ်တွေမြို့ သက္ကယ်ပြင် IDP စခန်း၊ စစ်တွေမြို့ ခေါင်းဒုက္ကာ IDP စခန်း၊ ကျောက်တော်မြို့ နိဒင် IDP စခန်းတို့တွင် အဓိက ရှေ့ပြေးဧရိယာ(Pilot Area) အဖြစ် သတ်မှတ် ဆောင်ရွက်လျှက်ရှိပါသည်။ ယင်းအပြင် NV Card လာရောက်လျှောက်ထားသူများကိုလည်း နိုင်ငံသား စိစစ်မှုခံယူနိုင်ရေးအတွက် တစ်ပြိုင်တည်း လျှောက်ထားနိုင်ရန် ဆောင်ရွက်ထား ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အနေဖြင့် စတင်လျှောက်ထားသည့်နေ့မှစ၍ ကိုင်ဆောင်သင့် သည့် လက်မှတ်/ကတ်ပြားတစ်မျိုးမျိုး ရရှိသည်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို အချိန်(၅)လခန့် အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် အချိန်ကာလ သတ်မှတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.