Connect with us

Politics, Law & Military

ဒေသတွင်း ဧည့်သည်များကို ပိုမို ဆွဲဆောင်သင့်ကြောင်း ဒု သမ္မတ ပြော

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကွန်ဖရင့်တွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန်လ ၁၂ ရက် (ဆင်ဟွာ)

ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးရန် အာဆီယံ ဒေသတွင်း နိုင်ငံများမှ ဧည့်သည်များကို မြန်မာနိုင်ငံကို လာရောက်ဖို့ ဆွဲဆောင်မှုများ ပိုမို လုပ်ဆောင်သင့်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ ၂ က ယနေ့ပြောကြားခဲ့သည်။

“အာဆီယံဒေသကို နိုင်ငံတကာ ခရီးသွား ဧည့်သည် ရောက်ရှိမှုဟာ ၂၀၁၆ မှာ ၁၁၅ သန်း၊ ၂၀၁၇ မှာ ၁၂၅ သန်း ရှိပါတယ်၊ ၈ ဒသမ ၄ ရာခိုင်နှုန်း တိုတက်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ အာဆီယံဒေသတွင်း အပြန်အလှန် လည်ပတ်တဲ့ဧည့်သည်က ၄၂ ရာခိုင်နှုန်းအထိရှိနေပါတယ်၊ ဒါကြောင့် အာဆီယံ ဒေသတွင်းနိုင်ငံများက ဧည့်သည်တွေကို မြန်မာနိုင်ငံကို လာရောက်ဖို့ ဆွဲဆောင်မှုတွေ ပိုမို လုပ်ဆောင်သင့်ပါတယ်”ဟု ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒုတိယ သမ္မတက မြန်မာနိုင်ငံသို့ ခရီးသည် အများဆုံး လာရောက်သည့် နိုင်ငံများအနက် အရှေ့တိုင်းနိုင်ငံများတွင် ထိုင်း၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ဖြစ်ကြပြီး အနောက်နိုင်ငံများတွင် အအမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ စသည့်နိုင်ငံများ ဖြစ်ကြောင်း၊ ထိုသို့ ဧည့်သည် အများဆုံးလာရောက်သည့်နိုင်ငံများကို အထူး target ထား၍ ဧည့်သည် ပိုမိုလာရောက်ရန် ယခုထက် ပိုမို ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်နေကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပိုမို ဝင်ရောက်ပြသနိုင်ရေးမှာ အလွန်အရေးပါကြောင်း၊ ပါဝင် ပြသနိုင်ဖို့ လိုအပ်သည့် ရန်ပုံငွေ ရရှိရေးကလည်း လိုအပ်ချက်တစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေရသဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဘဏ္ဏာငွေ လုံလောက်စွာ ခွဲဝေပေးဖို့ အခက်အခဲ ရှိနေကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပိုင်းကလည်း မိမိတို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်မှုရှိစွာ အချင်းချင်း ပူးပေါင်း ညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

နေပြည်တော် MICC II တွင် ယနေ့ကျင်းပသည့် အဆိုပါ ကွန်ဖရင့်က ခရီးစဉ် ဒေသစီမံခန့်ခွဲမှုနှင့် ခရီးသွား ထုတ်ကုန်များ ဖွံံဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား လုပ်ငန်း နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း အရည်အသွေး မြင့်မားစေရန် လေ့ကျင့် သင်ကြားမှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ့မှု အခွင့်အလမ်းများနှင့် အနာဂတ်အလားအလာများကို စာတမ်းများ ဖတ်ကြားရှင်းလင်းခြင်း၊ သက်ဆိုင်ရာ အခန်းကဏ္ဏများအလိုက် တိုးတက်အောင် မည်သို့ ဆောင်ရွက်ကြမည် စသည်တို့ကို ဆွေးနွေး အဖြေရှာ သွားကြမည်ဟု သိရသည်။

အခမ်းအနားသို့ နိုငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွီင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သံတမန်များ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.