Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာတချို့ တွင် လယ်ဧက ၃၀၀၀ ကျော် ရေလွှမ်းမိုးပျက်စီး

သဲကုန်းမြို့နယ်တွင် ရေလွှမ်းမိုးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေတချို့ အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အောင်ကုန်း ကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၈ ခုတွင် လယ်ဧက ၃,၀၉၂ ရေလွှမ်းမိုးနစ်မြုပ်ပျက်စီးခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် လယ်မြေများ ရေလွှမ်းမိုးနစ်မြုပ်ပျက်စီးခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သိုအလားတူ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် အင်းတိုင်းကုန်း ကျေးရွာ ၌ နေအိမ် ၁၀ လုံး ပြိုကျ၍ နေအိမ် ၂၀ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း၊ ပန်းတောင်းမြို့နယ် ချင်းရွာကြီးကျေးရွာရှိ ခဝါဆည် ရေလှောင်တမံ ၏ တိုင်းတွာချက်အရ လက်ရှိရေမှတ်မှာ (၂၃၅.၂၀) စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်မှာ (၂၃၅.၅၂)ဖြစ်သဖြင့် ကျေးရွာအတွင်း နေထိုင်သည့် ပြည်သူများအား တောင်ကုန်းပေါ်ရှိ အေးရိမ်မွန် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်နိုင်ရေး စီစဉ်ထားရှိခဲ့ကြောင်းနှင့် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကိုင်းကြီးကျေးရွာ ဘူးရိုးချောင်းကမ်းပါး အလျား ၂၀၀ ပေ၊ အနံ ၁၂ ပေခန့် ထုထည် ၅ ပေခန့် ပြိုကျခဲ့ရာ အနီးရှိ နေအိမ် ၈ လုံးအား ဖျက်၍ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.