ကိတ်တောင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ် ရာမာဖိုဆာ (Cyril Ramaphosa) က ၎င်း၏ သမ္မတလစာတစ်ဝက်အား မကြာမီ တည်ထောင်မည့် ပရဟိတရန်ပုံငွေတစ်ခုသို့ လှူဒါန်းသွားရန် ဆုံးဖြတ်လိုက်ကြောင်း မေ ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ဂျိုဟန်နက်စ်ဘာ့ထ်၊ မေ ၂၄ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ရဲတပ်ဖွဲ့ က ဂျိုဟန်နက်စ်ဘာ့ထ်မြို့ တွင် ဖြစ်ပွားခဲ့သည့် အငှားယာဉ်ပဋိပက္ခအတွင်း အငှားယာဉ် ယာဉ်မောင်း ၄ဦး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးအစောင့် ၈ဦး ကို ဖမ်းဆီးခဲ့ကာ လက်နက်များအား သိမ်းဆည်းခဲ့ကြောင်း မေ ၂၃ ရက် က...
ဝါရှင်တန်၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံခြင်းကို အခိုင်အမာထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
မက်ဒရစ် ၊ မေ ၂၄ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ အနောက်မြောက်ပိုင်း Galicia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Tui မြို့တွင် မေလ ၂၃ ရက်က မီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအစိုးရ၏ သတင်းများအရ...
ဒူဘိုင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) ဆော်ဒီဦးဆောင်သော အာရပ်မဟာမိတ်တပ်ဖွဲ့များ၏ အစိတ်တစ်ပိုင်းဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) စစ်တပ် သည် ပင်လယ်နီ ရှိ နိုင်ငံတကာရေပိုင်နက် တွင် အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဟူသီသူပုန်များ၏ လှေ ၂စင်းကို မေ ၂၃ ရက်က ဖျက်စီးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ က အာဂျင်တီးနား နိုင်ငံ သို့ သွားရောက် လည်ပတ် ပြီးနောက် နိုင်ငံ သို့ အပြန် အမေရိကန်...
ဟနွိုင်း ၊ မေ ၂၄ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Thanh Hoa ပြည်နယ်တွင် ရထားတစ်စင်းက ကျောက်ခဲများတင်ဆောင်လာသော ထရပ်ကားတစ်စီး နှင့်တိုက်မိမှုဖြစ်ပွားရာ ရထားမောင်းသူနှစ်ဦးသေဆုံးပြီး ခရီးသည် ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ၎င်းရထားသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း မှ တောင်ပိုင်း သို့ပြေးဆွဲနေသော ရထားတစ်စင်းဖြစ်ကြောင်း...
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) အနေဖြင့်မြန်မာနိုင်ငံအပေါ် အရေးယူ၍ မရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ ပြောကြားခဲ့သည်။
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ) အခြေအနေအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းလာခဲ့ရသော တတိယ ပင်လုံညီလာခံကို လာမည့် ဇွန်လ ထဲတွင် ကျင်းပနိုင်အောင် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ မေလ ၂၃ ရက် (ဆင်ဟွာ) နိုင်ငံပိုင် စက်ရုံ အလုပ်ရုံပေါင်း ၁၁၅ ရုံ ရှိသည့်အနက် လက်ရှိ၌ ပုဂ္ဂလိကနှင့် ပူးပေါင်းထားပြီး စက်ရုံ ၅၇ ရုံ ရှိထားပြီး နိုင်ငံပိုင် အဖြစ် ၅၈ ရုံ ကျန်ရှိရာတွင် စက်ရုံ ရှစ်ရုံကို ပုဂ္ဂလိကပိုင်အဖြစ်...