တီဟီရန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန တာဝန်ရှိသူ တစ်ဦးက အီရန်နိုင်ငံ၏ ဒုံးကျည် အစီအစဉ်သည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို အထောက်အကူ ဖြစ်စေပြီး ယင်းအစီအစဉ်ကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း Press TV ကဖော်ပြခဲ့သည်။
လန်ဒန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘက်ကင်ဟမ် နန်းတော်၌ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်နှင့်အတူ လူပရိသတ်အား သက်သေပြုပြီးနောက် ပြည်ထဲရေး ဝန်ကြီး ထရီဆာမေ (Theresa May) သည် ဗြိတိန်နိုင်ငံ၏ ၁၃ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ကုလသမဂ္ဂ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘူရွန်ဒီနိုင်ငံ Bujumbura မြို့၌ ဇူလိုင်လ ၁၃ ရက်က ဘူရွန်ဒီနိုင်ငံ အရှေ့အာဖရိက အသိုင်းအဝိုင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး (ဟောင်း) Hafsa Mossi အား လုပ်ကြံ သတ်ဖြတ်လိုက်ခြင်း အပေါ် ကုလသမဂ္ဂ အထွေထွေ...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင် ပိုင်နက်အတွင်း သတ်မှတ် ငါးဖမ်းရေယာဉ်များမှ အပ ခွင့်ပြုချက် မရှိသည့် ငါးဖမ်း ရေယာဉ်များကို ယခုလအတွင်းမှ စတင်ပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ထံမှ သိရသည်။
ရီယိုဒီဂျနေရို ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့တွက် စရိတ်များ အချိန်မီရရှိရေးနှင့် ပိုမိုကောင်းမွန်သော တည်ခိုနေထိုင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရေး အတွက် ရီယိုဒီဂျနေရိုမြို့အနောက်ဖက်၌ ဇူလိုင်လ ၁၃ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ အနီး ဆုထူးပန် ကုမ္ပဏီ လုပ်ကွက် အတွင်းသို့ ရေမဆေးကျောက် ရှာဖွေရာတွင် ကျောက်ကြော မြေစာထု ပြိုကျခဲ့သဖြင့် ၄ ဦး သေဆုံးခဲ့ကြောင်း ကချင် ပြည်နယ်...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ – ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ဇူလိုင် ၁၃ ရက်နေ့ ည ၁၁ နာရီ...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ “၇” အရ တောင်တရုတ် ပင်လယ်ပြင် အရေးကိစ္စတွင် အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးနှင့် ဒုစရိုက်မှုများ လျော့ပါးရေးအတွက် လက်ရှိရဲတပ်ဖွဲ့ဝင် အင်အားကို သုံးဆ တိုးပေးဖို့လိုသည်ဟု နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့မ ရဲစခန်း၊ ဒုတိယ ရဲမှူး တင်ဌေးက ပြောသည်။
အယ်လ်ဘာ ဘတ်တာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မွန်ဂိုးလီးယား နိုင်ငံ ဝန်ကြီးချုပ်သစ် Jargaltulga Erdenebat ၏ ဖိတ်ကြားချက်ဖြင့် လည်းကောင်း၊ ၁၁ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် အတွက် လည်းကောင်း...