Connect with us

Africa & Middle East

နိုင်ဂျီးရီးယားစစ်တပ်က ဘိုကိုဟာရမ်(Boko Haram)လက်ထဲမှ ဓားစာခံ လူ အယောက် ၁၀၀၀ အား ကယ်ဆယ်

ပြန်ပေးဆွဲခံခဲ့ရသော နိုင်ဂျီးရီးယားအမျိုးသမီးငယ်လေးများအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

အာဘူဂျာ ၊ မေလ ၈ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားစစ်တပ်က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Bornoပြည်နယ်တွင် ကယ်ဆယ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့အစည်း၏လက်ထဲမှ ဓားစာခံလူ ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု နိုင်ဂျီးရီးယားစစ်တပ်က မေလ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်းများတွင် နိုင်ဂျီးရီးယားစစ်တပ်က Bornoပြည်နယ်တွင် ကယ်ဆယ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ ဓားစာခံလူ ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထိုကယ်ဆယ်ရေးလှုပ်ရှားမှုများ ကို ကင်မရွန်း(Cameroon)၊ချဒ်(Chad)၊ နိုင်ဂျာ(Niger) နှင့် နိုင်ဂျီးရီးယားစစ်တပ်တို့ ပူးတွဲလုပ်ဆောင် ခြင်းဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Texas Chukwu ဆိုပါသည်။

လွန်ခဲ့သောလက Bornoပြည်နယ်တွင် နိုင်ဂျီးရီးယားစစ်တပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ဘိုကိုဟာရမ်(Boko Haram)အဖွဲ့ဝင် အစွန်းရောက် ၅ ဦးကို ပစ်သတ်နိုင်ခဲ့ပြီး ဓားစားခံ ၁၄၉ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်။

ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့မှာ ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် နိုင်ဂျီးရီးယားအရှေ့တောင်ပိုင်း နေရာတော်တော်များများကို သိမ်းပိုက်နေရာယူခဲ့ပြီး မကြာခဏဆိုသလို နိုင်ဂျီးရီးယားနှင့် အခြားအိမ်နီးချင်းနိုင်ငံများအား အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် လူသူအမြောက်အမြားသေဆုံးဒဏ်ရာမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ လွန်ခဲ့သောတစ်နှစ်ကျော်ကာလမှစပြီး နိုင်ဂျီးရီးယားအစိုးရက Borno ပြည်နယ်ရှိ ဘိုကိုဟာရမ်(Boko Haram)တို့အား စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.