Connect with us

Africa & Middle East

မည်သည့်တိုက်ခိုက်လာမှုမျိုးကိုမဆို အစ္စရေးနိုင်ငံက သံမဏိတံတိုင်းကဲ့သို့ တန်ပြန်တုံ့ပြန်သွားမည်ဟု နက်တန်ယာဟု သတိပေး

အစ္စရေးနိုင်ငံဝန်ကြီးချုပ် နက်တန်ယာဟု အားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ မေ ၈ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုက အစ္စရေးနိုင်ငံအား မည်သည့်တိုက်ခိုက်လာမှုမျိုးကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်မှုမျိုးဖြင့် ကြုံတွေ့သွားရမည်ဖြစ်ကြောင်း မေလ ၇ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ကို နာကျင်အောင် ဘယ်သူပဲ လာလုပ်လုပ် သူတို့ကို နာကျင်အောင် ပြန်လုပ်မယ်။ ကျွန်တော်တို့ကို ဖျက်ဆီးပစ်မယ်လို့ခြိမ်းခြောက်နေတဲ့ ရန်သူတွေကို သံမဏိတံတိုင်းကို ဝင်တိုက်တာမျိုးဖြစ်အောင် ပြန်လုပ်ရပါလိမ့်မယ်” ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် နက်တန်ယာဟုက ပြောကြားလိုက်ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံအစိုးရအဖွဲ့ရက်သတ္တပတ်အစည်းအဝေးစတင်သည့် မေလ ၅ ရက်တွင် နက်တန်ယာဟုက အစ္စရေးနိုင်ငံအား တိုက်ခိုက်ရန် မကြာသေးခင်လပိုင်းက အီရန်တော်လှန်ရေးအစောင့်တပ်မှ ဆီးရီးယားနိုင်ငံအား ခေတ်မီလက်နက်များ လွှဲပြောင်းပေးအပ်ခဲ့ခြင်းအား ထည့်သွင်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့ကို အင်အားသုံးတိုက်ခိုက်ဖို့ကြိုးပမ်းသူ ဘယ်သူကိုမဆို စစ်အင်အားနဲ့ပြန်ချေမှုန်းပစ်မယ်” ဟု အစ္စရေးနိုင်ငံသမ္မတ Reuven Rivlin က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ကငြိမ်းချမ်းရေးကို ရှာဖွေနေသူတစ်ဦးပါ။ ဒါပေမယ့် ပြည်သူတွေရဲ့ အဆုံးအဖြတ်အတိုင်း အဖြေရှာပါမယ်။ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို လျှော့မတွက်ဘူး။ ဘယ်သူ့ကိုမှလည်း လက်မြှောက်အရှုံးမပေးဘူး” ဟု အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Avigdor Liberman က အခမ်းအနားတွင်ပြောကြားခဲ့သည်။

ပြီးခဲ့သောလတွင် Liberman က အစ္စရေးနိုင်ငံအနေဖြင့် အီရန်ပိုင်နက်နယ်မြေအားတိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။ “ အစ္စရေးရဲ့ တဲလ်အဗစ်မြို့ကို သူတို့တိုက်လာရင် အီရန်ရဲ့ တီဟီရန်မြို့ကို ပြန်တိုက်မယ်” ဟု ၎င်းက ဆိုသည်။

ဆီးရီးယားနိုင်ငံအတွင်း တန်ပြန်တိုက်ခိုက်မှုကို အီရန်နိုင်ငံက ကြိုးပမ်းနေကြောင်း အစ္စရေးစစ်တပ် နှင့် ထောက်လှမ်းရေးအဖွဲ့များက အတည်ပြုနိုင်ခဲ့သည်ဟု အစ္စရေးမီဒီယာက မေလ ၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အီရန်နိုင်ငံ၏စစ်တပ်သည် ဆီးရီးယားအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်ရန် ကြိုးပမ်းအားထုတ်နေစဉ်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) စစ်ဦးစီးချုပ် Gadi Eisenkot က “ဘယ်လိုဖြစ်စဉ်မျိုးအတွက် မဆို စစ်တပ်က အသင့်ဖြစ်နေရမယ်” ဟုပြောကြားခဲ့သည်။

မေလ ၇ ရက်က ကျင်းပခဲ့သော အစ္စရေးလုံခြုံရေးအဖွဲ့အစည်းအဝေးတွင် ဒေသတွင်းကိစ္စရပ်များနှင့်ပတ်သက်၍ သုံးနာရီကျော်ကြား ဆွေးနွေးခဲ့ကြပြီး ယင်းအစည်းအဝေးတွင် ဆီးရီးယား၌ အီရန်၏ တင်းမာလာမှုများ နှင့် မကြာခင်ထွက်ပေါ်လာမည့် အီရန်နျူကလီးယားသဘောတူညီချက်အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ဆုံးဖြတ်များ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း အစ္စရေးသတင်းမီဒီယာက ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.