ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော်အတွင်းမှ တူးဖော်တွေ့ရှိသော တန်ချိန် ၂၁ဝ ရှိ မြန်မာ့အကြီးဆုံးကျောက်စိမ်းတုံးကြီးတစ်တုံးကို ကျောက်မျက် ရတနာပြပွဲတွင် ပြသရောင်းချမည်ဖြစ်ကြောင်း အဆိုပါပြပွဲကျင်းပရေးထံမှ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi) နှင့် ဗြိတိန်နိုင်ငံတော်ဝင်မင်းသားအင်ဒရူး တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာလ ၂၆ ရက်က တရုတ်-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးအပြန်အလှန်ပူးပေါင်းဖလှယ်ရေး နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတပြီးပြည်သူ့ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိ သည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပ ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၅ ဦးသည် မြန်မာနိုင်ငံ၌ ပြန်လည်နေထိုင်နိုင်ရန် ယနေ့အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြဝတီမြို့သို့ ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အနေဖြင့် လစ်လပ်မဲဆန္ဒနယ်အားလုံးဝင်ရောက်မည်ဖြစ်ကြောင်း အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
တူနစ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် လက်ရှိ အင်တာနက် သုံးစွဲသူထက် လူဦးရေ အနည်းဆုံး ၁.၅ ဘီလီယံကျော်ခန့် တိုးချဲ့ သုံးစွဲနိုင်မည် ဖြစ်ကြောင်း နိုင်ငံတကာ ဆက်သွယ်ရေး သမဂ္ဂ (ITU) အထွေထွေ အတွင်းရေးမှူး ကျိုးဟောင်လင်းက ဆင်ဟွာသို့...
ဖီရို့ဇ်ကိုရှ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Ghor ပြည်နယ်တွင် အောက်တိုဘာလ ၂၅ ရက် ညပိုင်းက စစ်သွေးကြွများ ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၃၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ် အစိုးရက အောက်တိုဘာလ ၂၆ ရက်က အတည်ပြု ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၃၅၅)မိုင် ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၃၃၅)မိုင်ခန့်၊...
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် အမြန်လမ်းမကြီး ရန်ကုန်-မန္တလေးမိုင်တိုင်(၅၈/ဝ)နှင့် (၅၈/၁) အကြား၌ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသည့် 2G/– ကား(ပြာ/ခဲရောင်) နယူးမန္တလာထွန်း ခရီးသည်တင် မှန်လုံယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်၍...
ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ ကာလဝမ်းရောဂါ ထိန်းချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၀ ရက်က ဆုံးဖြတ်ခဲ့သည့် ကာလဝမ်း ရောဂါ ကာကွယ်ဆေး တစ်သန်း ဟေတီနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က အောက်တိုဘာလ ၂၅ ရက်က သတင်းထောက်များအား...