Connect with us

Africa & Middle East

အာဖဂန်မြို့တော် ကဘူးလ်တွင် ဗုံး ၂လုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇ဦးထိရှိလာ

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့တွင် ယခင် က ဖြစ်ပွားခဲ့သည့် အသေခံဗုံးပေါက်ကွဲမှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့အလယ်ပိုင်း ရှိ သံတမန်ရပ်ကွက်တစ်ခုတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဗုံး၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား ၇ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မော်တော်ဆိုင်ကယ်စီးနင်းလာသော အသေခံဗုံးခွဲသမားသည် ကဘူးလ်မြို့ ရဲလှည့်ကင်းနယ်မြေ အမှတ် ၉ ရှိ Shash Darak ဒေသတွင် ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး သေဆုံးမှုများရှိခဲ့ကြောင်း Najib Danish က Tolo News TV သို့ပြောကြားခဲ့သည်။ပထမအခင်းဖြစ်ပွားရာ၌ ရဲတပ်ဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များ နှင့် သတင်းထောက်များ ရောက်ရှိလာပြီး မိနစ်၄၀အကြာတွင် ဒုတိယမြောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဒုတိယမြောက် ပေါက်ကွဲမှု ကြောင့် သေဆုံးသွားသူများအနက် တစ်ဦးမှာ အာဖဂန် ဓါတ်ပုံသတင်းထောက် တစ်ဦး ဖြစ်ကြောင်း သိရသည်။ပေါက်ကွဲမှုများ၏ ပစ်မှတ်ကို တိတိကျကျ သိရှိခြင်းမရှိသေးသော်လည်း ဖောက်ခွဲမှုများသည် အာဖဂန်နိုင်ငံ၏ အဓိကထောက်လှမ်းရေးဌာနဖြစ်သော အမျိုးသားလုံခြုံရေးဦးစီးဌာန (NDS) ၏ ရုံးခွဲအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုများ အား မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117