Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ တွင် တည်ဆောက်ဆဲ မဟာအီဂျစ် ပြတိုက် မီးလောင်မှု ဖြစ်ပွား

တည်ဆောက်ဆဲ မဟာအီဂျစ် ပြတိုက် ဧပြီလ ၂၉ ရက်နေ့ ၌ အပြင်ပိုင်း ငြမ်းစင် မီးလောင်မှု ဖြစ်ပွား နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ တွင် ဧပြီလ ၂၉ ရက်နေ့ ၌ တည်ဆောက်ဆဲ မဟာအီဂျစ် ပြတိုက် အပြင်ပိုင်း ငြမ်းစင် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု မရှိ သေးကြောင်း သိရှိရသည်။

အီဂျစ် နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် ကော်မတီ အတွင်းရေးမှူး က ပြတိုက် အပြင်ပိုင်းရှိ ငြမ်းများ မီးလောင်မှုသည် လေတိုက်မှုကြောင့် အရှိန်ပိုမို မြင့်တက်လာကြောင်း ၊ မီးသတ်ကား ၁၇ စင်း က လာရောက်ငြှိမ်းသတ် သဖြင့် ပြတိုက် အတွင်းရှိ ရှေးဟောင်းပစ္စည်းများ ပျက်ဆီးမှု မဖြစ်ပွား ခဲ့ကြောင်း ၊ အစ်ဂျစ် နိုင်ငံ တရားရေးဌာန အနေဖြင့် မီးလောင်မှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ပြောကြားခဲ့သည်။

အီဂျစ် ပြတိုက် အား ၁၉၀၂ ခုနှစ် တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လတ်တလော နှစ်ပိုင်း တွင် ပြတိုက် ၏ နေရာအကျယ်အဝန်း နှင့် စွမ်းဆောင်ရေး ပိုင်း သည် လက်ရှိလိုအပ်ချက်များ နှင့် ကိုက်ညီမှု မရှိတော့ သဖြင့် ၂၁ ရာစု အစပိုင်းတွင် မဟာအီဂျစ် ပြတိုက် ထပ်မံ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မဟာအီဂျစ် ပြတိုက် တည်ဆောက်ပြီးစီး ချိန်တွင် ရှေးဟောင်းပစ္စည်းပေါင်း ၁ သိန်းကို ထားရှိနိုင်မည် ဖြစ်ပြီး အီဂျစ် ဖာရောဘုရင် တူတန်ခမန်(Tutankhamun) ၏ ဂူသင်္ချု ိင်း အတွင်းရှိ ပစ္စည်းပေါင်း ၅၀၀၀ ကိုလည်း ထားရှိမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)