Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း တွင် လှေတိမ်းမှောက်မှုကြောင့် လူ ၈ဦးသေဆုံး

အိန္ဒိယတွင် ယခင်ကဖြစ်ပွားခဲ့သည့် လှေတိမ်းမှောက်မှုမှ သေဆုံးသူတစ်ဦးအား သယ်ဆောင်လာစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ် မြစ်တစ်ခု၌ လှေတစ်စီး တိမ်းမှောက်မှုကြောင့် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ရုပ်အလောင်းများ ဆယ်ယူရရှိခဲ့ပြီး ယခုအချိန်အထိ လူ ၈ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။

လှေတိမ်းမှောက်မှု သည် ဘီဟာပြည်နယ် Bhagalpur ခရိုင် ရှိ Kosi မြစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါ လှေသည် ၎င်းသယ်ဆောင်နိုင်သည့် ပမာဏထက် ပို၍ လူ ၁၅ဦးသယ်ဆောင်လာပြီး ဧပြီ ၂၉ ရက် ညပိုင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူ ၇ဦး မှာ ကမ်းဘက်သို့ ရေကူးနိုင်ခဲ့၍ အသက်ရှင်ခဲ့ပြီး အခြားလူ ၈ဦး ပျောက်ဆုံးနေကြောင်း နှင့် ရုပ်အလောင်းအများစုကို ဆယ်ယူနိုင်ခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းရုပ်သံလိုင်းများ၏ ဖော်ပြချက်အရ အဆိုပါလှေသည် ငါးဖမ်းလှေတစ်စင်ဖြစ်သော်လည်း အပြန်တွင် မင်္ဂလာဆောင်တစ်ခုမှာလူတစ်ချို့ လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါလှေတိမ်းမှောက်မှုအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ယခုတစ်ချိန် လှေတိမ်းမှောက်မှုသည် ၂၀၁၈ခုနှစ်အတွင်း ဘီဟာပြည်နယ်၌ သုံးကြိမ်မြောက် လှေတိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117