Connect with us

Asia

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မိုးကြိုးထိမိ၍ လူ ၁၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ကောင်းကင်ယံတွင် လျှပ်စီးကြောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသောနေရာများ၌ မိုးကြိုးထိမှန်ကာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

မိုးကြိုးထိမှန်သေဆုံးမှုများသည် ဘီဟာပြည်နယ်ရှိ Madhubani, Muzaffarpur, Supaul, Bhagalpur, Madhepura Purnia စသည့် ခရိုင်များ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။“လူ သေဆုံး ဒဏ်ရာရမှုတွေက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့တာပါ” ဟု တာဝန်ရှိသူက ပြောခဲ့သည်။

ဘီဟာပြည်နယ် ဝန်ကြီးချုပ် Mitish Kumar က သေဆုံးသူများအတွက် ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားခဲ့ပြီး ဒဏ်ရာရသူများအတွက် ကုသမှုပေးနိုင်ရန် ကျန်းမာရေးတာဝန်ရှိသူများအား ပြောကြားထားကြောင်း သိရသည်။ဘီဟာပြည်နယ်နှင့် အနောက်ဘန်ဂေါပြည်နယ်များရှိ နေရာများ၌ လာမည့် ၄၈ နာရီအတွင်း မိုးသက်မုန်တိုင်းများ တိုက်ခတ်မည် ဖြစ်ကြောင်း ခန့်မှန်းထားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117