ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုနိုင်မည့် KBZ UnionPay အကြွေးဝယ်ကတ်အား ယနေ့အောက်တိုဘာ ၁၈ ရက်တွင် ကမ္ဘောဇ အုပ်စု ၊ ကမ္ဘောဇဘဏ် လီမိတက်မှ စတင် မိတ်ဆက်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်ဆိပ်ကမ်း များသို့ ရောက်ရှိပြီး တစ်နှစ်ကျော် ကြာသည်အထိ လာရောက် ထုတ်ယူခြင်း မရှိသည့် မော်တော်ယာဉ် အစီးရေ ၁၃ဝဝ နီးပါးရှိပြီး လာရောက် ထုတ်ယူခြင်း မရှိသည့် ယာဉ်များကို ဒဏ်ကြေးဖြင့် ပြန်လည် ထုတ်ယူခွင့် ပေးမည် မဟုတ်ဘဲ...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) လျှပ်စစ်ဓာတ်အား ၃ဝ ကီလိုဝပ်ကျော် သုံးစွဲမည့် ကန်ထရိုက် တိုက်များ ကိုယ်ပိုင် ထရန်စဖော်မာ တပ်ဆင်ရမည့် အစီအစဉ်ကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး...
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ဒေသတွင်း မှုခင်း အက်ရှင် ရုပ်ရှင်ဇာတ်ကားဖြစ်သော “Operation Mekong” သည် တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ရောင်းအားကောင်းသည့် ဇာတ်ကားအဖြစ် ဦးဆောင်နေပြီး ဝင်ငွေ ယွမ် ၂၇၆ သန်း (အမေရိကန် ဒေါ်လာ ၄၁ သန်း) ရရှိခဲ့ကြောင်း...
နေပြည်တော်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာတိုင်းရင်းသားတို့၏ ၂၂ ကြိမ်မြောက် ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်တွင် ယနေ့ ကျင်းပခဲ့ရာ ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက၊ နိုင်ငံတော်...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အတွင်း အခမဲ့တည်းခိုနိုင်သော နေရာများနှင့် တည်းခိုခန်းခ နှုန်းထားများ ပြောင်းလဲသတ်မှတ်မှုများအား တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာလ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်၏ မြို့တော် ဘူဘိန်းဆွာရှိ ပုဂ္ဂလိက အဆင့်မြင့် ဆေးရုံတစ်ခု၌ အောက်တိုဘာလ ၁၇ ရက် ညဘက်က မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း...
မော်စကို ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၌ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂ဝ ရက်တွင် ၈ နာရီကြာ ယာယီအပစ်အခတ်ရပ်ဆိုင်းထားမည်ဟု အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့အား IS စစ်သွေးကြွအုပ်စုလက်အောက်မှ လွတ်မြောက်စေရန် အီရတ်အစိုးရ၏ လုပ်ဆောင်မှုအား အီရန်နိုင်ငံက ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အောက်တိုဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။