Connect with us

Culture & Entertainment

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၌ လွန်ခဲ့သော နှစ် ၂ဝဝဝ ခန့်က ရှေးမြို့ဟောင်းတစ်ခုကို ရှာဖွေတွေ့ရှိ


ရှန်းယောင်း ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Liaoning ပြည်နယ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်က ရှေးဟောင်းမြို့တော်တစ်ခု၏ ကြီးမားသော အဆောက်အဦးပျက်ဟောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါမြို့ဟောင်းမှာ Fuxin မြို့နယ်အတွင်းတည်ရှိပြီး ( ဘီစီ ၂ဝ၂ မှ အေဒီ ၂၂ဝ ) အတွင်းအုပ်ချုပ်ခဲ့သည့် ဟန်မင်းဆက်(Han Dynasty) လက်ထက်က တည်ဆောက်ခဲ့သော မဟာတံတိုင်းနှင့်တစ်ဆက်တည်းတည်ရှိကြောင်း သိရသည်။ အဆိုပါ ရှေးမြို့ဟောင်းအစိတ်အပိုင်းကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ယဉ်ကျေးမှုသိပ္ပံ Chu Jingang က ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က တည်ရှိခဲ့သော ရှေးခေတ်အဆောက်အအုံဟောင်း အပျက်အစီးအားတွေ့ရစဉ်(ဆင်ဟွာ)

မြေအောက်တွင် နစ်မြုပ်ဖုံးကွယ်နေသည့် တံတိုင်းတစ်ခု နှင့် အဆောက်အဦးပျက်တစ်ခုအပါအဝင် အလျား ၈၅၀ စတုရန်းမီတာကို တူးဖော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ဘီစီ ၄၇၅ မှ ၂၂၁ က အုပ်ချုပ်ခဲ့သော တန်မင်းဆက် (Tang Dynasty) (618-907) ကာလဆီက စစ်မက်ဖြစ်ပွားနေသော တိုင်းနိုင်ငံငယ်များမှ သံံ ၊ ကြေး ၊ မြေအိုး စသည့် ရှေးဟောင်းပစ္စည်းအသုံးအဆောင် အမျိုး ၅ဝဝ ကျော်ကိုလည်း ယင်းဒေသတစ်ဝိုက်တွင် တူးဖော်တွေ့ရှိခဲ့သည်။

မြို့၏ကာကွယ်ရေးစနစ်များမှာ ပျက်စီးနေပြီဖြစ်ကြောင်း Chu က ပြောကြားခဲ့ပြီး မြို့တော်၏ အလွှာအဆင့်ဆင့်ကို တူးဖော်ခဲ့ကြောင်း နှင့် ရှေးယခင်ခေတ်က တိုင်းရင်းသားလူနည်းစုများ၏ သမိုင်းကြောင်းကို သုတေသနပြုရာတွင် များစွာအထောက်အကူပြုနိုင်မည့် သက်သေခံပစ္စည်းအသစ်များလည်း ပါဝင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)