Connect with us

North America

အမေရိကန် နိုင်ငံ ရှိ ရုပ်သံထုတ်လွှင့်ရေး တာဝါတိုင် ပြိုလဲ ခဲ့ရာ လူ ၁ ဦး သေဆုံး ခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ အလယ်ပိုင်း Missouri ပြည်နယ် Fordland မြို့ အား တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ချီကာဂို ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အလယ်ပိုင်း Missouri ပြည်နယ် ရှိ ရုပ်သံထုတ်လွှင့်ရေး တာဝါတိုင် တစ်ခု ဧပြီ လ ၁၉ ရက်နေ့ ၌ ပြိုလဲ ခဲ့ရာ လူ ၁ ဦး သေဆုံး ခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ ၏ ပြောကြားချက်အရ အခင်းဖြစ်ပွားစဉ် အလုပ်သမား ၆ ဦး က တာဝါတိုင်ပေါ်တွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်နေကြောင်း ၊ တာဝါတိုင် ပြိုလဲခဲ့ရာ တွင် အလုပ်သမား တစ်ဦး ပြုတ်ကျ သေဆုံးခဲ့ရပြီး ကျန် ၅ ဦး မှာ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကာ ဆေးရုံ သို့ ပို့ဆောင်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ပြိုလှဲ ခဲ့သည့် တာဝါတိုင် သည် Fordland မြို့ အနီး အဝေးပြေး လမ်းမဘေးတွင် တည်ရှိပြီး သံမဏိ တာဝါတိုင် တစ်ခုဖြစ်ကာ ပြိုလဲ ခဲ့ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.