ဟူစတန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) တစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများပြုလုပ်ပြီးနောက် အမေရိကန်နိုင်ငံဟူစတန်မြို့၌ တရားမဝင်လောင်းကစားမှု နှင့် ရာဇဝတ်မှုကျူးလွန်မှုများဖြင့် ရဲအရာရှိဟောင်း ၂ ဦးအပါအဝင် လူပေါင်း ၂၂ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသခံအရာရှိများက မတ်လ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ကင်ရှာဆာ ၊ မတ်လ ၂၉ ရက် (ဆင်ဟွာ) ကွန်ဂို နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က ယူဂန်ဒါ နိုင်ငံ အစိုးရ အား ဆန့်ကျင် တိုက်ခိုက်သည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ က မတ်လ ၂၇ ရက်နေ့ ညပိုင်းအချိန်တွင် ကွန်ဂို...
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) သို့ ဦးဝင်းမြင့် သမ္မတကြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြောင်းအရာ။ ။ ဝမ်းမြောက်ကြောင်းဂုဏ်ပြုလွှာပေးပို့ခြင်း လေးစားအပ်ပါသောဦးဝင်းမြင့်ခင်ဗျား အဆွေတော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးအဖြစ်ရွေးချယ်ခံရကြောင်း သိရှိရသည့်အတွက် ကျွန်ုပ်သည် အဆွေတော်ထံသို့ လှိုက်လှဲစွာဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပို့သလိုပါသည်။
ဖနွမ်းပင်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-ကမ္ဘောဒီးယား ပြပွဲအား ပထမဆုံးအကြိမ်အဖြစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး စီစဉ်သူများက မတ်လ ၂၇ ရက်က ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ မတ်လ ၂၈ ရက်(ဆင်ဟွာ) ရုရှားသံတမန်များကို ပြည်နှင်ဒဏ်ပေးသည့်ကိစ္စ၊ အမေရိကန်-ဥရောပကုန်သွယ်ရေးကိစ္စနှင့်စပ်လျဉ်း၍ အမေရိ ကန်သမ္မတ ထရန့် က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron ) ၊ဂျာမဏီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်(Angela Merkel ) တို့နှင့် မတ်လ...
ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကူးအပြောင်းမှ တစ်ခုဖြစ်သော အမျိုးသားကျန်းမာရေး ကော်မရှင်အား မတ်လ ၂၇ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သော ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် နိုင်ငံတော် သမ္မတအဖြစ် မတ်လ ၂၈ ရက်တွင် ပြုလုပ်သော နိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက်ပွဲမှ ရွေးကောက်ခံခဲ့ရပြီ ဖြစ်သည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မတ် ၂၇ ရက်နေ့တွင် မြေစာနှင့်ကျောက်ခဲများ ပြိုကျမှုကြာင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရွှေတောင်မြို့နယ် မီးလောင်ကျေးရွာ မင်္ဂလာရုံကျောင်းဝင်းအတွင်းရှိ ခြုံနွယ်အတွင်း မတ် ၂၇ ရက်နေ့၌ ရှေးဟောင်း ရုပ်ပွားတော်နှင့် စေတီတော် ၁၂၇ ဆူ တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၃,၅၂၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။