Connect with us

North America

အမေရိကန်နိုင်ငံဟူစတန်၌ တရားမဝင်လောင်းကစားမှုဖြင့် လူ ၂၂ ဦးကို ဖမ်းဆီး

လောင်းကစားမှုနှင့်ပတ်သက်၍ ဟူစတန်ရဲတပ်ဖွဲ့ မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

တစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများပြုလုပ်ပြီးနောက် အမေရိကန်နိုင်ငံဟူစတန်မြို့၌ တရားမဝင်လောင်းကစားမှု နှင့် ရာဇဝတ်မှုကျူးလွန်မှုများဖြင့် ရဲအရာရှိဟောင်း ၂ ဦးအပါအဝင် လူပေါင်း ၂၂ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသခံအရာရှိများက မတ်လ ၂၈ ရက်တွင်ပြောကြားခဲ့သည်။

ခရိုင်ရှေ့နေချုပ်ရုံး နှင့် ဟူစတန်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုများအတွင်း တရားမဝင်လောင်းကစားမှုအတွင်းအသုံးပြုငွေ အမေရိကန်ဒေါ်လာ ၂.၃ သန်းကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရှေ့နေချုပ် Kim Ogg က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဟူစတန်ရဲအရာရှိဟောင်း နှစ်ဦးဖြစ်သည့် Huy Ly နှင့် Larry Nguyen တို့နှစ်ဦးအား ငွေကြေးခဝါချမှုဖြင့် တရားစွဲဆိုထားကြောင်း ဟူစတန်မြို့ရဲတပ်ဖွဲ့၏ တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြထားသည်။

အခြားသူများအား ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်ပြီး ငွေကြေးခဝါချမှုဖြင့် အရေးယူထားကြောင်း Ogg က ဆိုသည်။

အာရှမျိုးနွယ်စုဝင် လူမှုအသိုက်အဝန်းသည် ပြီးခဲ့သော နှစ်များအတွင်း ရာဇဝတ်မှုများ နှင့် လုယက်မှုများ ကျူးလွန်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသည်။

Harris County ခရိုင်အတွင်းအထက်တန်းစား မိသားစုများ နေထိုင်ရာ ဟူစတန်မြို့သည် အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်စ်ပြည်နယ်တွင် ရာဇဝတ်မှု အများဆုံးဖြစ်ပေါ်နေသော မြို့များအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.