Connect with us

North America

အမေရိကန်က ပြင်သစ်၊ ဂျာမဏီနှင့် ရုရှားသံတမန် ပြည်နှင်ဒဏ်အရေး ဖုန်းဖြင့် ဆွေးနွေး

ဝါရှင်တန်ရှိ အမေရိကန်အခြေစိုက် ရုရှားသံရုံးကို တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ်လ ၂၈ ရက်(ဆင်ဟွာ)

ရုရှားသံတမန်များကို ပြည်နှင်ဒဏ်ပေးသည့်ကိစ္စ၊ အမေရိကန်-ဥရောပကုန်သွယ်ရေးကိစ္စနှင့်စပ်လျဉ်း၍ အမေရိ ကန်သမ္မတ ထရန့် က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron ) ၊ဂျာမဏီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်(Angela Merkel ) တို့နှင့် မတ်လ ၂၇ ရက်နေ့က ဖုန်းဖြင့် သီးခြားစီ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရုရှားသူလျှိုဟောင်း အင်္ဂလန်တွင် အဆိပ်ဖြင့်အသတ်ခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် ရုရှားသံတမန် များကို ပြည်နှင်ဒဏ်ပေးသည့်ကိစ္စအား အမေရိကန်၊ပြင်သစ် ၊ဂျာမနီ ၃ နိုင်ငံစလုံးက ထောက်ခံကြောင်း အမေရိကန် အိမ်ဖြူတော်မှ ထို့နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထရန့်က ပြင်သစ်သမ္မတ မက်ခရွန်နှင့်ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာ၌ ဆီးရီးယား ပြဿနာတွင် တူရကီနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရမည်ဖြစ်ကြောင်းနှင့် အမေရိကန်အီးယူ(EU)တို့၏ကုန်သွယ်ရေးကိစ္စရပ် များအကြောင်းကို ဆွေးနွေးခဲ့ပြီး ဂျာမဏီ ဝန်ကြီးချုပ် မာကယ်နှင့်ဆက်သွယ်ပြောကြားရာတွင် အမေရိကန်၊ ဂျာမဏီ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် အခွန်အခ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်ဟု ၎င်းကြေညာ ချက်တွင် ရေးသားထားသည်။

ရုရှားသူလျှိုဟောင်း Sergei Skripal နှင့်၎င်း၏သမီးဖြစ်သူတို့ မတ်လ ၄ ရက်နေ့က ဗြိတိန်နိုင်ငံ Salisbury မြို့ လမ်းခုံတန်းရှည်တစ်ခုတွင် မေ့မြောနေခဲ့ရာ ဗြိတိန်ရဲတပ်ဖွဲ့က ၎င်းမှာ အာရုံကြောအဆိပ်သင့်သေဆုံးသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဤလုပ်ကြံမှုမှာ ရုရှားနှင့်ပတ်သက်နိုင်ခြေအများကြီးရှိသည်ဟု ဗြိတိန်အစိုးရက ဆိုခဲ့ကြောင်း ဗြိတိန်မီဒီယာများ၏ရေးသားဖော်ပြချက်များအရ သိရှိရသည်။

ယခုအချိန်အထိ အီးယူ(EU)အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ရုရှားသံတမန် ၁၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့သည်။ ရုရှားက အနောက်နိုင်ငံများ ထိုသို့ ပြည်နှင်ဒဏ်ပေးမှုကို အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် တုံ့ပြန်မှုများဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.