Connect with us

Politics

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့် သမ္မတအဖြစ် ရွေးချယ်ခံရသည့်အတွက် ဦးဝင်းမြင့်ထံ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပေးပို့

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

သို့

ဦးဝင်းမြင့်

သမ္မတကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြောင်းအရာ။ ။ ဝမ်းမြောက်ကြောင်းဂုဏ်ပြုလွှာပေးပို့ခြင်း

လေးစားအပ်ပါသောဦးဝင်းမြင့်ခင်ဗျား

အဆွေတော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးအဖြစ်ရွေးချယ်ခံရကြောင်း သိရှိရသည့်အတွက် ကျွန်ုပ်သည် အဆွေတော်ထံသို့ လှိုက်လှဲစွာဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပို့သလိုပါသည်။

အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာအစိုးရ နှင့် ပြည်သူပြည်သားများသည် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်တွန်းအားပေးရေး၊ နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေး အစရှိသည့်နယ်ပယ်များ၌ အောင်မြင်မှုအသစ်များရရှိနိုင်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းနိုင်ငံများဖြစ်ပြီး၊ နှစ်နိုင်ငံပြည်သူ လူထု ၏ “ပေါက်ဖော်’’ ချစ်ကြည်ရေးသည် နက်ရှိုင်းလှပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ နီးကပ်စွာအပြန်အလှန်ပေါင်းသင်းဆက်ဆံပြီး ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခဲ့ပါသည်။ လူမှုရေး နှင့် ယဉ်ကျေးမှုနယ်ပယ် ၌ ကူးလူးဆက်ဆံမှု တက်ကြွစွာ ဆင်နွှဲခဲ့ပြီး နိုင်ငံတကာမျက်နှာစာ ၌ နီးကပ်စွာတိုင်ပင်ညှိနှိုင်းခဲ့ပါသည်။ ၎င်းသည် နှစ်နိုင်ငံပြည်သူလူထုအတွက် တိကျသောအကျိုးစီးပွားကို ဆောင်ကြဉ်းလာရုံသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး နှင့် သာယာဝပြောရေး အတွက်လည်းတက်ကြွစွာ အထောက်အကူပြုခဲ့ပါသည်။ ကျွန်ုပ်သည် တရုတ်-မြန်မာဆက်ဆံရေး ဖံွံံံ့ဖြိုးတိုးတက်ရန် အထူးအလေးထားပြီး အစဉ်အလာချစ်ကြည်ရေး ကိုပိုမိုခိုင်မာအောင်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသောပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်၊ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နောက်ထပ်အဆင့်မြှင့်တင်ပေး ရန်နှင့် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူလူထုတို့အတွက် အကျိုးစီးပွားဆောင်ကြဉ်းလာရန် အဆွေတော် နှင့်တကွကြိုးပမ်းဆောင်ရွက်လိုပါသည်။

အဆွေတော်ကျန်းမာချမ်းသာ၍ အလုပ်အဆင်ပြေပါစေကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စည်ပင်သာယာပြီး၊ ပြည်သူလူထုချမ်းမြေ့သုခ နှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ခင်မင်ရင်းနှီးစွာဖြင့်

Xi Jinping

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတကြီး

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.