ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) နိုင်ငံအတွင်း တွေ့ရှိရသည့် ဝက်ဝံ မျိုးစိတ် များ၏ နေရင်းဒေသများကို ထိန်းသိမ်းရေး ရည်ရွယ်ချက်များ အပါအဝင် နည်းလမ်းများ ဖော်ထုတ်နိုင်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သစ်တော ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
အဘူဂျာ၊ မတ် ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် ရှိ Dundu အသိုင်းအဝိုင်းတွင် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂၅ဦးသေဆုံးခဲ့ကြောင်း မတ် ၁၃ရက်က အတည်ပြုပြောကြားခဲ့သည်။
တီဟီရန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တရားရုံး က မတ် ၁၄ရက်တွင် အီရန်နိုင်ငံ ဒုတိယသမ္မတဟောင်း Hamid Baghaei အား ထောင်ဒဏ် ၁၅နှစ်ချမှတ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
လန်ဒန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း (Stephen Hawking) သည် အသက် ၇၆ နှစ်အရွယ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း မိသားစု၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက မတ်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် သစ် ၁၅၅တန် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း ၊ မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြုရေးအဖွဲ့ဝင်များက ကျင်းပဆဲ အမျိုးသားဥပဒေပြုရေး အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင်များ( သို့မဟုတ်) နိုင်ငံတော်ကောင်စီအဖွဲ့ဝင် များ ပြောင်းလဲခြင်းဆိုင်ရာ အစီအစဉ်တစ်ခု နှင့် ဥပဒေကြမ်းတစ်ခု ရေးဆွဲရေး နှင့်ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson)အား ရာထူးမှ ဖယ်ရှားပြီး ယင်းရာထူးအတွက် CIA ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး Mike Pompeo ဖြင့်အစားထိုး ခန့် အပ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃...
ပေကျင်း၊ မတ်လ ၁၃ ရက် (ဆင်ဟွာ) ယခုနှစ် အစိုးရအစီရင်ခံစာတွင် အကောက်ခွန်နှင့်စပ်လျဉ်း၍ (၃၁)ခု ပြောကြားခဲ့ရာ ၎င်းတို့အနက် ယခုနှစ် ဆောင်ရွက်မည့် အခွန်ပြုပြင်ပြောင်းလဲမှုနှင့်အခွန်လျှော့ချရေးလုပ်ငန်းစဉ် ၁၈ ခု ရှိကြောင်း ၊ ၎င်းမှာ သာမန် ပြည်သူလူထု သန်းတစ်ရာကျော်နှင့် သန်းဆယ်နှင့်ချီသောလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ် ကြောင်း တရုတ်နိုင်ငံအခွန်ဦးစီးဌာနချုပ်...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန တစ်ခု ဖွဲ့စည်းတည်ထောင်ရန် စီစဉ်ထားကြောင်း မတ်လ ၁၃ ရက်တွင် မီဒီယာသို့ ထုတ်ပြန်လိုက်သည့် အစိုးရ အပြောင်းအလဲ အစီအစဉ်အရ သိရသည်။
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့အား ပေါင်းစပ်၍ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြန်လည်ပြင်ဆင်မှု အစီအစဉ်အရ သိရသည်။