ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံမှ ဦးဆောင်ကျင်းပပြီး အခြားနိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအတူပါဝင်ကြသည့်ပွဲဖြစ်သောကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်း၏ကုန်စည်ပြပွဲ မဟုတ်ဘဲ နိုင်ငံအသီးသီးပါဝင်ကြသည့် ကုန်စည်ပြပွဲကြီးဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကျုံးစန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်ဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းကုန်စည်ပြပွဲကို...
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့နယ်၌ မိုးသက် လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် မိုင်းကိုး ကျေးရွာ အုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်(၇၆)လုံးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ...
တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံတွင် မတ် ၁၁ရက်က တူရကီလေယာဉ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၁ဦးစလုံး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ အရေးပေါ်အဖွဲ့အစည်းက ကြေညာခဲ့သည်။
ဗီယင်နာ၊ မတ် ၁၂ ရက် (ဆင်ဟွာ) သြစကြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ သြစတြီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးနေအိမ်တွင် မတ်လ ၁၁ ရက် ညပိုင်းက အသက် ၂၆ နှစ်အရွယ်သြစတြီးယာားအမျိုးသားတစ်ဦးမှ သံအမတ်အိမ်တော် လုံခြုံရေးသမားတစ်ဦး အား ဓားဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘာ့တ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ကိတ်တောင်း စက်ဘီးစီး ပြိုင်ပွဲ၏ ပွဲစီစဉ်သူများက ၂၀၁၈ခုနှစ် ပြိုင်ပွဲ အတွင်း ပြိုင်ပွဲဝင် ၂ဦးသေဆုံးခဲ့ကြောင်း မတ် ၁၁ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ဦးဆောင်မှုအခန်းကဏ္ဍသည် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒ၏ ပုံရိပ်ကို အဓိပ္ပာယ်သတ်မှတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်အား မတ် ၁၁ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
စတော့ဟုမ်း ၊ မတ် ၁၂ ရက်(ဆင်ဟွာ) လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း စစ်ပွဲ နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသသို့လက်နက်တင်ပို့မှုမှာ နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ယနေ့မတ်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင်အား ထည့်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို မတ် ၁၁ရက် နေ့လည်ပိုင်းတွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဂေါက်ကွင်း အရှေ့၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် အမှတ် (၁၄၃/၇) အနီးတွင် ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း...
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်(၃)ခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှု လုပ်ငန်း များကို ဧပြီလ(၁)ရက်နေ့မှ မေလအထိ ကွင်းဆင်းသုတေသနပြုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။