Connect with us

Science & Technology

ချင်းတွင်း မြစ်ဝှမ်း ဇီဝမျိုးစုံ မျိုးကွဲ နှင့် ဂေဟစနစ် ဝန်ဆောင်မှု သုတေသန လုပ်ငန်းများ လုပ်ဆောင်မည်

ချင်းတွင်း မြစ်ကြောင်း တစ်နေရာအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်(၃)ခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှု လုပ်ငန်း များကို ဧပြီလ(၁)ရက်နေ့မှ မေလအထိ ကွင်းဆင်းသုတေသနပြုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ခန္တီးမြို့နယ် ၊ ကလေးဝ မြို့နယ် နှင့် ချောင်းဦး မြို့နယ် တို့တွင် နေရာ ၁၅ နေရာ ရွေးချယ်ပြီး သုတေသနပြု လုပ်ငန်းများကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ ဇီဝမျိုးကွဲများ နှင့် ရေ/မြေ သက်ရှိများ၏ တန်ဖိုးကို စောင့်ကြည့်ခြင်း ၊ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ဆက်စပ်ခြင်းကို လေ့လာသုံးသပ်ခြင်း နှင့် ဒေသတွင်းရှိ ပြည်သူ များ၏ အသက်မွေး ဝမ်းကျောင်း ပြဿနာများကို လေ့လာ ဆန်းစစ် သွားမည် ဖြစ်ကြောင်း မြန်မာ့ဝန်းကျင် သိပ္ပံ (MEI) ၏ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာထွေး၏ ပြောကြားချက်အရ သိရသည်။

ထိုလေ့လာ ဆန်းစစ် တွေ့ရှိချက်များကို အများပြည်သူ သိရှိနိုင်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ မှတဆင့် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် ချင်းတွင်းမြစ်အတွင်းရှိ ဇီဝမျိုးစုံကွဲများ၊ ဂေဟ စနစ် ဝန်ဆောင်မှုများနှင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဧပြီလ(၁) ရက်နေ့တွင် လည်းကောင်း၊ ကလေးဝမြို့နယ်အတွင်းရှိ မဟာမြိုင်တောင်အတွင်းရှိ ကုန်းနေ ဇီဝမျိုးစုံကွဲများ၊ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မေလ ပထမပတ်အတွင်းနှင့် ချောင်းဦးမြို့နယ် ပေါက်အင်းရှိ ဇီဝမျိုးစုံမျိုးကွဲနှင့် စိမ့်မြေဂေဟစနစ် ဝန်ဆောင်မှုလုပ်ငန်းများကို မေလ တတိယ ပတ်အတွင်း ကွင်းဆင်းသုတေသနပြု လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.