Connect with us

Environment, Disasters & Accidents

ရန်ကုန်-ပြည် ကားလမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ ၂ ဦး သေဆုံး

ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဂေါက်ကွင်း အရှေ့၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် အမှတ် (၁၄၃/၇) အနီးတွင် ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုယာဉ်တိုက်မှု ဖြစ်စဉ်မှာ မတ် ၁၁ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင် လာသည့် LIGHT TRUCK ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာ ချင်းဆိုင် ဘက်မှ မောင်းနှင်လာသည့် သရက်-ရန်ကုန် ခရီးသည်တင်ယာဉ်အား တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာဉ်တိုက်မှုကြောင့် LIGHT TRUCK ယာဉ်အား မောင်းနှင်လာသည့် ဦးအောင်နိုင် ပါ(၂)ဦး တို့တွင် ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ၊ ယာဉ်တိုက်မှုကြောင့် မအတူး၊ ကိုဉာဏ်ဝင်း နှင့် မောင်ထွေးကို တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း နှင့် ဦးအောင်နိုင်အား နတ်တလင်းမြို့မ ရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.