Connect with us

Europe

ပြီးခဲ့သောဆယ်စုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့လက်နက်တင်ပို့မှု နှစ်ဆကျော်မြင့်တက်

အရှေ့ အလယ်ပိုင်းဒေသမှ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

စတော့ဟုမ်း ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း စစ်ပွဲ နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသသို့လက်နက်တင်ပို့မှုမှာ နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ယနေ့မတ်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနသိပ္ပံ(SIPRI) က ၂ဝ၁၇ ခုနှစ် နှင့် ၂ဝ၁၈ ခုနှစ်အကြား အရှေ့အလယ်ပိုင်း နိုင်ငံများသို့ နိုင်ငံတကာမှ လက်နက်တင်ပို့မှုသည် ၁ဝ၃ ရာခိုင်နှုန်း ထိ ရှိခဲ့ကြောင်း နှင့် ၂ဝ၁၃ ခုနှစ် မှ ၂ဝ၁၇ ခုနှစ်အကြား ကမ္ဘာ့လက်နက်တင်ပို့မှု၏ သုံးပုံတစ်ပုံခန့်ရှိခဲ့ကြောင်း ဆိုထားသည်။

“ အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်မှုပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသလို လူ့အခွင့်အရေး အခြေအနေတွေကလည်း စိုးရိမ်စရာပါ ။ နိုင်ငံရေးအရ အဲဒီဒေသတွေဆီကို မြောက်အမေရိကနဲ့အနောက်ဥရောပနိုင်ငံတွေက လက်နက်တင်ပို့မှုဟာလည်း ဦးဆောင်နေပါတယ်” ဟု SIPRI အကြီးတန်းသုတေသီ Pieter Wezeman က ဆိုသည်။

“ အမေရိကန်နိုင်ငံ နဲ့ဥရောပတိုက်က နိုင်ငံတွေဟာ အဲဒီဒေသကို လက်နက်အများဆုံးတင်ပို့တဲ့ နိုင်ငံတွေအဖြစ် ဆက်လက် ရပ်တည်နေပြီး ၉၈ ရာခိုင်နှုန်းကျော်ကို ဆော်ဒီအာရေးဗီးယားက တင်သွင်းတာပါ” ဟု Wezeman က ဆိုသည်။

စောင့်ကြည့်လေ့လာမှု အရ ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင်လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် အိန္ဒိယနိုင်ငံနောက် ရပ်တည်နေပြီး ၊ အမေရိကန်နိုင်ငံမှ ၆၁ ရာခိုင်နှုန်း နှင့် ဗြိတိန်နိုင်ငံမှ ၂၃ ရာခိုင်နှုန်း ဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့လက်နက်များ တင်ပို့လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.