Connect with us

Africa & Middle East

အီရန်တွင် တူရကီလေယာဉ်ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၁၁ဦးစလုံးသေဆုံး

အီရန်နိုင်ငံတွင် ပျက်ကျခဲ့သည့် တူရကီလေယာဉ် နှင့် အမျိုးအစားတူလေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံတွင် မတ် ၁၁ရက်က တူရကီလေယာဉ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၁ဦးစလုံး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ အရေးပေါ်အဖွဲ့အစည်းက ကြေညာခဲ့သည်။

ဒေသခံများသည် မတ် ၁၁ရက် ညနေပိုင်းတွင် လေယာဉ် အပျက်အစီးအပိုင်းအစများရှိရာသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရုပ်အလောင်းများအား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲနေ၍ DNA စစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကြောင်း အဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လူ ၁၁ဦးလိုက်ပါလာသော တူရကီဂျက်လေယာဉ်သည် အီရန်နိုင်ငံ Chaharmahal နှင့် Bakhtiari ပြည်နယ် Shahr-e Kord မြို့ အနောက်ပိုင်း ဆင်ခြေဖုံးဒေသ၌ မတ် ၁၁ရက် ဒေသစံတော်ချိန် ၁၈း၃၅နာရီတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ လေကြောင်းဦးစီးဋ္ဌာန (OVA) က အတည်ပြုပြောကြားခဲ့သည်။

လေယာဉ်သည် ကောင်းကင်ယံတွင် မီးလောင်ကျွမ်းခဲ့ပြီးနောက် Dorak Anari ရွာအနီးရှိ Helen တောင်ဖြင့် ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် လေယာဉ်ဝန်ထမ်း ၃ဦး နှင့် ခရီးသည် ၈ဦး လိုက်ပါလာကြောင်း OVA ၏ ပြည်သူ့ဆက်ဆံရေးဋ္ဌာနကပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နိုင်ငံ Sharjah မြို့မှ အစ္စတန်ဘူလ်မြို့သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ရေဒါ၌ပျောက်ကွယ်သွားခဲ့ကြောင်း နိုင်ငံပိုင် IRINN TV က ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ လခြမ်းနီအဖွဲ့အား အဆိုပါနေရာသို့ စေလွှတ်ခဲ့သော်လည်း မိုးလေထန်မှု နှင့် ဒေသအနေအထားအရ တောင်တန်းထူထပ်သောကြောင့် လခြမ်းနီအဖွဲ့သည် မတော်တဆဖြစ်ပွားရာနေရာသို့ ရောက်ရှိရန် ၄နာရီ ခြေလျင်လျှောက်ရမည်ဖြစ်ကြောင်း OVA၏ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

OVA မတော်တဆဖြစ်ရပ်ဆိုင်ရာ ဗျူရို အကြီးအကဲ Rezaee Far က ကနဦးသတင်းရရှိချက်များအရ ပျက်ကျခဲ့သော လေယာဉ်သည် Bombardier CL604 အမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.