ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြဋ္ဌာန်းမည့် ပြည်ထောင်စုအခွန်ဥပဒေကို လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအကြား အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံတော်မှ အခွန်ကောက်ခံရန်ဥပဒေပြဋ္ဌာန်းပြီးမှ ၎င်းဥပဒေပေါ်တွင် အငြင်းပွားနေမှုများမရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအခွန်ဦးစီးဌာနများမှာဦးစီးသော အခွန်ကိစ္စ ရပ်များဆိုင်ရာဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် တွေ့ဆုံရန် ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်သို့ ရောက်ရှိကာ နေ့လည်စာစားသုံးမည် ဖြစ်ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့တို့တွင် ငွေကျပ် သိန်း ၁၁,၈၉၅ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) သဲကုန်းမြို့နယ်၌ ယာဉ် ၂ စီး တိုက်မှုကြောင့် တိမ်းမှောက်မီးလောင်ပြီး ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မာန်အောင်လေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းမှာရှိသည့် တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီးဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများမှ လုပ်ငန်းကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ကိုယ်စားပြုနိုင်မည့် ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ရန် ကုန်သည်စက်မှုအသင်းချုပ် နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ အနေဖြင့် ကနဦး သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဟိုတယ် (၁၆၀၅) လုံးထိ ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဖေဖော်ဝါရီလ ၉ ရက်နေ့က သတင်းထုတ်ပြန်သည်။
ကဘူးလ် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၉ ရက်နေ့၌ ထုတ်ပြန်ချက်အရ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့က ပြီးခဲ့သည့် ၂၄ နာရီ ကာလအတွင်း နိုင်ငံတဝန်း ရှိ လက်နက်ကိုင်...
နယူးယောက်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ရှိ Kiska မီးတောင်၏ တောင် အနောက်တောင်ဘက် ၁၂၆ ကီလိုမီတာ၌ ဖေဖော်ဝါရီလ ၉ ရက် ဒေသစံတော်ချိန် ည ရး၅၅း၀၈ နာရီတွင် ရစ်ချ်တာစကေး ၅.၄ ရှိသော ငလျင်တစ်ခု လှုပ်ခဲ့ကြောင်း အမေရိကန်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်-တရုတ် ဆက်ဆံရေးက အရေးကြီးကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။